YEAST (တဆေး)
- တဆေး(YEAST)သည် အချဉ်ဖောက်ခြင်းပြုလုပ်ရာတွင် နောက်ဆုံးအဆင့်ဖြစ်ပြီး မျက်စိဖြင့်မမြင်နိုင်သော သက်ရှိငယ်ပေါင်းများစွာဖြင့် ပြည့်ဝနေသည့်အရာဖြစ်သည်။
- တဆေး(YEAST)သည် သကြားဓာတ်များကို အယ်လ်ကိုဟောနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်များအဖြစ်ပြိုကွဲစေပြီး အချဉ်ဖောက်ခြင်းကိုဖြစ်ပေါ်(အချဉ်ပေါက်)စေသည်။
- တဆေး(YEAST)သည် ခန္ဒာကိုယ်အတွင်းရှိ သွေးကြောငယ်များကို ကျယ်ပြန့်စေခြင်းနှင့် ကိုယ်တွင်းဇီဝဖြစ်ပျက် မှုများကို တိုးမြှင့်စေသည်။
- တဆေး(YEAST)သည်၏ အဓိကလုပ်ငန်းဆောင်တာမှာ သက်ရှိဇီဝပစ္စည်းများကို လူနှင့်တိရိစ္ဆာန်တို့တွင် အသားဓာတ်ကိုဖြစ်ပေါ်စေကာအမိုနိုအက်ဆစ်များ၊ ဟိုမုန်းများနှင့် ဗိုက်တာမင်များအဖြစ် ပြောင်းလဲပေးခြင်း ဖြစ်သည်။
- တဆေး(YEAST)သည် လူတို့ကိုယ်တိုင်ဖန်တီးထုတ်လုပ်ခြင်းမပြုနိုင်သော ပစ္စည်းများဖြစ်သည့် ဗိုက်တာမင်များ၊ Nucleic acidများ၊ သတ္တုဓာတ်များ၊ ဟိုမုန်းများနှင့်၊ Fatty acid များကိုထုတ်လုပ်ပေးသည်။ တဆေးပါဝင်သော အချဉ်ဖောက်ထားသော အစားအစာများကို အလွန်အကျွံစားသုံးလျှင်လည်း ကျန်းမာရေးကို ထိခိုက်နိုင်သည်။
- တဆေး(YEAST)သည် ဓာတ်မြေသြဇာများကို ပြန်လည်ပြိုကွဲစေနိုင်သည်။
- တဆေး(YEAST)သည် သစ်သီးများ၏ အပြင်ဘက်မျက်နှာပြင်များတွင် ကပ်ညိနေလေ့ရှိသည်။
- (စပျစ်သီးခွံတွင် တဆေးအများအပြားပါဝင်သည်။)
တဆေး(YEAST)ကိုစိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုလိုပါက တဆေး(YEAST)တစ်ဆ+ ရေအဆတစ်ထောင်ရောစပ်အသုံးပြုနိုင်သည်။
- အပင်များအားနည်းနေလျှင် တဆေး(YEAST)ကို ရွက်ဖျန်းအားဆေးအဖြစ် အသုံးပြုနိုင်သည်။
- အပင်များ ရောဂါပိုးမွှားများကျရောက်လျှင် တဆေးကို ရွက်ဖျန်းပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်သည်။
- အပင်၏ အကိုင်းနှင့်ပင်စည်များ လေပြင်းဒဏ်မခံနိုင်ဘဲ ကြီးမားစွာပျက်စီးလျှင် တဆေးကိုအသုံးပြုနိုင်ပါသည်။
- မိုးအလွန်အကျွံရွာသွန်းခြင်း (သို့မဟုတ်) စိုထိုင်းဆများသောရာသီဥတုမျိုးများကြောင့် အပင်များအလင်းဖြင့် အစာချက်လုပ်နိုင်ခြင်းမရှိလျှင် တဆေးကိုအသုံးပြုနိုင်သည်။
- အိမ်မွေးတိရိစ္ဆာန်များ တက်ကြွမှုကင်းခြင်း (သို့မဟုတ်) အစာမစားလျှင် တဆေးကိုအသုံးပြုနိုင်သည်။
- တဆေးကို အခြားသောအော်ဂဲနစ်ရွက်ဖြန်းဆေး၊ ဟိုမုန်းဆေးများနှင့် ရောစပ်၍ ရွက်ဖြန်းအားဆေးအဖြစ်အသုံးပြုပါက အလွန်အကျိုးရှိနိုင်ပါသည်။
စပျစ်နှင့်စတော်ဘယ်ရီပင်များအတွက် တဆေးကိုအသုံးပြုလျှင် သတိပြုရမည့်အချက်များ
- ရေမဆေးရပါ။ မူလအတိုင်းသာအသုံးပြုရမည်။
- တဆေးထည့်၍အသုံးပြုရမည့်ပစ္စည်းကိရိယာများကို အသုံးမပြုမှီ ပိုးသတ်ထားရမည်။
- အနံဆိုးများပြင်ပမှ ဝင်ရောက်မှုမရှိစေရန်နှင့် အခြားပိုးမွှားများဝင်ရောက်မှုမှ ကာကွယ်ရန် တဆေးထည့် ထားသောဗူးကို သီးသန့်နေရာတွင် သိုလှောင်သိမ်းဆည်းရမည်။
- စိုထိုင်းဆ (၆၅% နှင့် ၇၀%)ကြားနှင့် အပူချိန် (၂၃-ဒီဂရီစင်တီဂရိတ်နှင့် ၂၅-ဒီဂရီစင်တီဂရိတ်)ကြားတွင်သာ သိုလှောင်သိမ်းဆည်းသင့်သည်။
- တဆေးပြုလုပ်စဉ် မှိုတက်ခြင်းမှကာကွယ်ရန် တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ်ခန့် ဆေးဗူးကိုလှုပ်ပေးရမည်။
- တဆေးဖောက်ပြီးနောက် ရေခဲသေတ္တာထဲတွင် အပူချိန် (၁-ဒီဂရီစင်တီဂရိတ်မှ ၁၅-ဒီဂရီစင်တီဂရိတ်) ကြားတွင်သာ သိမ်းဆည်းရမည်။
- တဆေးဖောက်ပြီးနောက် တစ်လအထိသိမ်းဆည်းအသုံးပြုနိုင်သော်လည်း တစ်ပတ်အတွင်းကုန်စင်အောင်အသုံးပြုခြင်းမှာ မှန်ကန်သင့်လျှော်ပြီး အကျိုးရှိထိရောက်ပါသည်။