YEAST (တ​ဆေး)
  • တ​ဆေး(YEAST)သည်​ အချဉ်​​ဖောက်​ခြင်းပြုလုပ်​ရာတွင်​ ​နောက်​ဆုံးအဆင့်​ဖြစ်​ပြီး မျက်​စိဖြင့်​မမြင်​နိုင်​​သော သက်​ရှိငယ်​​ပေါင်းများစွာဖြင့်​ ပြည့်​ဝ​နေသည့်​အရာဖြစ်​သည်​။ 
  • တ​ဆေး(YEAST)သည်​ သကြားဓာတ်​များကို အယ်​လ်​ကို​ဟောနှင့်​ ကာဗွန်​ဒိုင်​​အောက်​ဆိုဒ်​များအဖြစ်​ပြိုကွဲ​စေပြီး အချဉ်​​ဖောက်​ခြင်းကိုဖြစ်​​​ပေါ်(အချဉ်​​ပေါက်​)​စေသည်​။  
  • တ​ဆေး(YEAST)သည်​ ခန္ဒာကိုယ်​အတွင်းရှိ ​သွေး​ကြောငယ်​များကို ကျယ်​ပြန့်​​စေခြင်းနှင့်​ ကိုယ်​တွင်းဇီဝဖြစ်​ပျက်​ မှုများကို တိုးမြှင့်​​စေသည်​။
  • တ​ဆေး(YEAST)သည်​၏ အဓိကလုပ်​ငန်း​ဆောင်​တာမှာ သက်​ရှိဇီဝပစ္စည်းများကို လူနှင့်​တိရိစ္ဆာန်​တို့တွင်​ အသားဓာတ်​ကိုဖြစ်​​ပေါ်​စေကာအမိုနိုအက်​ဆစ်​များ၊ ​ဟိုမုန်းများနှင့်​ ဗိုက်​တာမင်​များအဖြစ်​ ​ပြောင်းလဲ​ပေးခြင်း ဖြစ်​သည်​။ 
  • တ​ဆေး(YEAST)သည်​ လူတို့ကိုယ်​တိုင်​ဖန်​တီးထုတ်​လုပ်​ခြင်းမပြုနိုင်​​သော ပစ္စည်းများဖြစ်​သည့်​ ဗိုက်​တာမင်​များ၊ Nucleic acidများ၊ သတ္တုဓာတ်​များ၊ ဟိုမုန်းများနှင့်​၊ Fatty acid များကိုထုတ်​လုပ်​​ပေးသည်​။ တ​ဆေးပါဝင်​​သော အချဉ်​​ဖောက်​ထား​သော အစားအစာများကို အလွန်​အကျွံစားသုံးလျှင်​လည်း ကျန်းမာ​ရေးကို ထိခိုက်​နိုင်​သည်​။ 
  • တ​ဆေး(YEAST)သည်​ ဓာတ်​​မြေသြဇာများကို ပြန်​လည်​ပြိုကွဲ​စေနိုင်​သည်​။
  • တ​ဆေး(YEAST)သည်​ သစ်​သီးများ၏ အပြင်​ဘက်​မျက်​နှာပြင်​များတွင်​ ကပ်​ညိ​နေ​လေ့ရှိသည်​။
  •  (စပျစ်​သီးခွံတွင်​ တ​ဆေးအများအပြားပါဝင်​သည်​။)

              တ​ဆေး(YEAST)ကိုစိုက်​ပျိုး​ရေးလုပ်​ငန်းများတွင်​ အသုံးပြုလိုပါက တ​ဆေး(YEAST)တစ်​ဆ+ ​ရေအဆတစ်​​ထောင်​​ရောစပ်​အသုံးပြုနိုင်​သည်​။

  • အပင်​များအားနည်း​နေလျှင်​ တ​ဆေး(YEAST)ကို ရွက်​ဖျန်းအား​ဆေးအဖြစ်​ အသုံးပြုနိုင်​သည်​။
  • အပင်​များ ရောဂါပိုးမွှားများကျ​ရောက်​လျှင်​ တ​ဆေးကို ရွက်​ဖျန်းပိုးသတ်​​ဆေးအဖြစ်​ အသုံးပြုနိုင်​သည်​။
  • အပင်​၏ အကိုင်းနှင့်​ပင်​စည်​များ ​လေပြင်းဒဏ်​မခံနိုင်​ဘဲ ကြီးမားစွာပျက်​စီးလျှင်​ တ​ဆေးကိုအသုံးပြုနိုင်​ပါသည်​။
  • မိုးအလွန်​အကျွံရွာသွန်းခြင်း (သို့မဟုတ်​) စိုထိုင်းဆများ​သောရာသီဥတုမျိုးများ​ကြောင့်​ အပင်​များအလင်းဖြင့်​ အစာချက်​လုပ်​နိုင်​ခြင်းမရှိလျှင်​ တ​ဆေးကိုအသုံးပြုနိုင်​သည်​။
  • အိမ်​​မွေးတိရိစ္ဆာန်​များ တက်​ကြွမှုကင်းခြင်း  (သို့မဟုတ်​) အစာမစားလျှင်​ တ​ဆေးကိုအသုံးပြုနိုင်​သည်​။
  • တ​ဆေးကို ​အခြား​သောအော်​ဂဲနစ်​ရွက်​ဖြန်း​ဆေး၊ ဟိုမုန်း​ဆေးများနှင့်​ ​ရောစပ်​၍ ရွက်​ဖြန်းအား​ဆေးအဖြစ်​အသုံးပြုပါက အလွန်​အကျိုးရှိနိုင်​ပါသည်​။

စပျစ်​နှင့်​စ​တော်​ဘယ်​ရီပင်​များအတွက်​ တ​ဆေးကိုအသုံးပြုလျှင်​ သတိပြုရမည့်​အချက်​များ
  • ရေမ​ဆေးရပါ။ မူလအတိုင်းသာအသုံးပြုရမည်​။
  • တ​ဆေးထည့်​၍အသုံးပြုရမည့်​ပစ္စည်းကိရိယာများကို အသုံးမပြုမှီ ပိုးသတ်​ထားရမည်​။
  • အနံဆိုးများပြင်​ပမှ ဝင်​​ရောက်​မှုမရှိ​စေရန်​နှင့်​ အခြားပိုးမွှားများဝင်​​ရောက်​မှုမှ ကာကွယ်​ရန်​ တ​ဆေးထည့်​ ထား​သောဗူးကို သီးသန့်​​နေရာတွင်​ သို​လှောင်​သိမ်းဆည်းရမည်​။
  • စိုထိုင်းဆ (၆၅% နှင့်​ ၇၀%)ကြားနှင့်​ အပူချိန်​ (၂၃-ဒီဂရီစင်​တီဂရိတ်​နှင့်​ ၂၅-ဒီဂရီစင်​တီဂရိတ်​)ကြားတွင်​သာ သို​လှောင်​သိမ်းဆည်းသင့်​သည်​။
  • တ​ဆေးပြုလုပ်​စဉ်​ မှိုတက်​ခြင်းမှကာကွယ်​ရန်​ တစ်​​နေ့လျှင်​ အနည်းဆုံးတစ်​ကြိမ်​ခန့်​ ​ဆေးဗူးကိုလှုပ်​​ပေးရမည်​။
  • တ​ဆေး​ဖောက်​ပြီး​နောက်​ ​ရေခဲ​သေတ္တာထဲတွင်​ အပူချိန်​ (၁-ဒီဂရီစင်​တီဂရိတ်​မှ ၁၅-ဒီဂရီစင်​တီဂရိတ်​) ကြားတွင်​သာ သိမ်းဆည်းရမည်​။
  • တ​ဆေး​ဖောက်​ပြီး​နောက်​ တစ်​လအထိသိမ်းဆည်းအသုံးပြုနိုင်​​သော်​လည်း တစ်​ပတ်​အတွင်းကုန်​စင်​​အောင်​အသုံးပြုခြင်းမှာ မှန်​ကန်​သင့်​​လျှော်​ပြီး အကျိုးရှိထိ​ရောက်​ပါသည်​။

 
Top