ရာသီဥတုပြောင်းလဲခြင်းသည် ယနေ့ကမ္ဘာ့လူသားများအတွက် အရေးအကြီးဆုံးပြဿနာအချို့တွင် ပြဿနာကြီးတစ်ရပ်ဖြစ်သည်။ ထိုသို့ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းကြောင့် လူသားတို့၏စားနပ်ရိက္ခာထုတ်လုပ်မှု၊ကျန်းမာရေး၊လူမှုရေးမှ အဆုံး၌ အနာဂတ်တွင် ရှင်သန်ရပ်တည်ရေးအတွက်ပါ မရေမရာဖြစ်စေလျှက်ရှိသည်။ ယနေ့လူသားတို့ရင်ဆိုင်နေရသောမူးယစ်ဆေးဝါးပြဿနာ၊အကြမ်းဖက်ပြဿနာကဲ့သို့ ကြိုးစားဖြေရှင်းရမည့်ပြဿနာဖြစ်သည်။
ကျွန်တော်တို့ငယ်စဉ်ကာလကသစ်တောများ ပျက်စီးခြင်းကြောင့်မိုးခေါင်ရေရှားဖြစ်ခြင်း၊ရေလွှမ်းမိုးခြင်း၊မြေဆီလွှာတိုက်စားခံရခြင်း စသည့်ဆိုးကျိုးများစွာဖြစ်စေကြောင်ကြားသိခဲ့ရသည်။ ထိုသို့ဖြစ်ရခြင်း၏အဓိကတရားခံမှာရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးနေကြသောတောင်ပေါ်သားများကြောင့်ဟုသွန်သင်ခံခဲ့ရသည်။ ထိုအတိုင်းပင်လူအများမှတ်ယူခဲ့ကြသည်။
တောင်ပေါ်နေသူများမှာသစ်တောများကိုဖျက်ဆီးသော သစ်တောပိုး( Forest worm )အဖြစ်အပြစ်ဖို့ခံခဲ့ကြရသည်။ သို့သော်ယနေ့ကမ္ဘာ့ဒေသများစွာရှိတောင်ပေါ်စိုက်ပျိုးရေးအပေါ်ရာသီဥတုပြောင်းလဲခြင်း၏သက်ရောက်မှုများကိုလေ့လာသောပညာရှင်များစွာတို့၏လေ့လာချက်များအရထိုအဆို၊ ထိုအမြင်မှာမှားယွင်းနေပြီဖြစ်ကြောင်းအံ့ဩစွာသိရှိရသည်။
ကမ္ဘာ့တောင်ပေါ်ဒေသသစ်တောများပျက်ဆီးခြင်း၊ရာသီဥတုပြောင်းလဲခြင်း၏ အဓိကတရားခံမှာတောင်ပေါ်ဒေသနေသူများမဟုတ်၊မြေပြန့်နှင့်မြို့ကြီးများတွင်နေထိုင်ကြကုန်သောစီးပွားရေးသမားများ၊စက်မှု
လုပ်ငန်းရှင်များ၊မိုင်းလုပ်ငန်းအမျိုးမျိုးလုပ်ကိုင်ကြသူများ၊ အမျှော်အမြင်နည်းပါးသောအစိုးရများဖြစ်ကြောင်းတွေ့ရှိရသည်။တောင်ပေါ်သားတို့၏တောင်ယာခုတ်ထင်းအသုံးပြုမှုကြောင့်ရာသီဥတုပြောင်းလဲရခြင်းမှာ 10 % ခန့်သာရှိပြီး ထိုလုပ်ငန်းကြီးအမျိုးမျိုးကြောင့်ပျက်ဆီးမှုမှာ 80 % ကျော်နေကြောင်းတွေ့ရှိရသည်။ ပီလောပီနံစိုက်ပျိုးရေး၊ ကြံစိုက်ပျိုးရေး၊ဒေသအကျိုးပြုလုပ်ငန်းများကိုအကြောင်းပြ၍သစ်တောများကို အပြောင်ရှင်းပြီး၊စီးပွားရေးလုပ်ငန်းများဖော်ဆောင်နေခြင်းမှာမြန်မာပြည်နေရာအတော်များများတွင်တွေ့နေရသည်။

တောင်ပေါ်သားများ၏ပုဆိန်၊ပေါက်တူးတို့ဖြင့်နှစ်ကာလရှည်ဖျက်ဆီးနေခဲ့သော အနေအထားမျိုးကိုထိုလုပ်ငန်းကြီးများတွင်အသုံးပြုသောစက်ယန္တရားကြီးများက နာရီပိုင်း၊ရက်ပိုင်းအတွင်းဖျက်ဆီးနိုင်ခဲ့ကြသည်။တောင်ပေါ်ဒေသတွင်နေထိုင်သူများမှာတစ်ကမ္ဘာလုံးလူဦးရေ၏ခြောက်ပုံတစ်ပုံသာရှိသည်။ လူအများသိထားသည်မှာရာသီဥတုပြောင်းလဲခြင်းကိုဖြစ်စေသောမှန်လုံအိမ်ဓာတ်ငွေ့များကြောင့်ဖြစ်သည်။ မှန်လုံအိမ်ဓာတ်ငွေ့များဖြစ်သောအဓိကဓာတ်ငွေ့(၃)မျိုးမှာ
- ကာဘွန်ဒိုင်အောက်ဆိုက်CO2 ဓာတ်ငွေ့၊
- မီသိမ်းMethane နှင့်နိုက်ထရပ်အောက်
- ဆိုက်Nitrous Oxide တို့ဖြစ်သည်။
- မီသိမ်းမှာလေမဲ့အခြေအနေ Anaerobic Conditionတွင်ဖြစ်ပေါ်ပြီး၊နိုက်ထရပ်အောက်ဆိုက်မှာလေရှိအခြေအနေAerobic Conditionတွင်ဖြစ်ပေါ်သည်။
ထို့ကြောင့်ထိုအခြေအနေနှစ်မျိုးလုံးကို တစ်လှည့်စီဖြစ်ပေါ်နေသောရေသွင်းရေထုတ်သည့်စပါးစိုက်ခင်းတွင်မီသိမ်းနှင့်နိုက်ထရပ်အောက်ဆိုက်တို့မှ၊တစ်လှည့်စီဖြစ်ပေါ်လျက်ရှိသည်။ ထိုသို့ဓာတ်ငွေ့များဖြစ်ပေါ်မှုကိုလျော့နည်းအောင်ပြုလုပ်နိုင်သည့် အနေအထားများရှိနေသည်။အကယ်၍ပုပ်သိုးဆွေးမြေ့မြန်သောသစ်
ရွက်စိမ်းမြေဩဇာများGreen mannue များကိုအသုံးပြုခြင်းသည်မှန်လုံအိမ်ဓာတ်ငွေ့သုံးမျိုးလုံးကိုပမာဏပိုများစွာ၊ပို၍လျှင်မြန်စွာထွက်ပေါ်စေမည်ဖြစ်သည်။
အကယ်၍သစ်ဆွေးမြေ Compost ကိုအသုံးပြုပါက အခြေအနေကိုပို၍ကောင်းစေမည်ဖြစ်သည်။ သစ်ဆွေးမြေအသုံးပြုရာတွင်လည်းဆွေးမြေ့လွယ်သောပစ္စည်းမျိုးဖြစ်သည့် ဆဲလူးလို့စ်ကဲ့သို့ပစ္စည်းများမှဖြစ်ပေါ်သော သစ်ဆွေးမြေထက် လစ်နင် Lignum ကဲ့သို့ သစ်မာ Hard Wood များ၏ လွှစာမှုန့်၊ရွှေဘော်ဇာ များမှပြုလုပ်သော သစ်ဆွေးမြေများကမြေဆီလွှာအတွင်း အချိန်ကြာမြင့်စွာနေရုံမကဆွေးမြေ့နှုန်းနည်း
သဖြင့်ယင်းတို့မှမှန်လုံအိမ်ဓာတ်ငွေ့များဖြစ်ပေါ်မှုကိုလျော့နည်းစေမည်ဖြစ်သည်။
ကျွန်တော်အပါအဝင်လူအများလေးစားခံရသောမိုးလေဝသပညာရှင်ကြီးဒေါက်တာထွန်းလွင်ကရာသီဥတုပြောင်းလဲခြင်းကြောင့်ဖြစ်ပေါ်သော ပူနွေးခြင်းနှင့်ရေငတ်ခြင်းပြဿနာကိုဖြေရှင်းရန်အဓိကအချက်(၂)ချက် တင်ပြသည်ကိုလေ့လာမှတ်သားရပါသည်။ဒေါက်တာထွန်းလွင်၏တင်ပြချက်မှာရေအခက်အခဲနှင့်ကြုံတွေ့ရသောအခါ (၁) ရေငတ်ခံနိုင်သေညအပင်မျိုးများကိုစိုက်ရန်နှင့် (၂)ထိုသို့ရေငတ်သောစိုက်ခင်းအတွင်းရေသွင်းရေဖျန်းရန်မှာရှောင်လွှဲ၍မရသောကိစ္စဟုတင်ပြအပ်ပါသည်။ ဆရာကြီး၏တင်ပြခြင်းကိုလူအများမငြင်းနိုင်ပါ။ သို့သော်ထိုတင်ပြချက်(၂)ခုစလုံးမှာ လက်တွေ့လုပ်ဆောင်ရန်မလွယ်ကူသော ကိစ္စများသာဖြစ်သည်။
ရေငတ်ခံနိုင်သောအပင်မျိုးဆိုရာတွင်မျိုးစိတ် Species လော၊မျိုးပြား Variety လောဖော်ပြမထားပါ။
ပြောင်းဖူးစိုက်ပျိုးသောတောင်သူတစ်ဦးသည်မိုးခေါင်ရေရှားမှုကြုံရ၍ပြောင်းပင်ထက်ပိုရေငတ်ခံနိုင်သောနှံစားပြောင်းကိုစိုက်ပျိုးခြင်းမှာမျိုးစိတ်ပြောင်းစိုက်ခြင်းဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းမှာစိုက်ပျိုးရာတွင်အောင်မြင်သော်လည်းနှံစားပြောင်းဈေးကြောင့်ပြောင်းဖူးဈေးနှင့်မကိုက်ပါက စီးပွားရေးအရမအောင်မြင်ပါ။
စိုက်ပျိုးရေးနယ်နိမိတ်မှာအစေ့စစိုက်ချိန်မှ ရိတ်သိမ်းချိန်အထိ From Seed to Harvest မဟုတ်တော့ပါ။စိုက်ပျိုးရေး၏လက်ရှိနယ်နိမိတ်မှာ From Money to Moneyဖြစ်သည်။ရေငတ်ခံနိုင်သောမျိုးပြားများရွေးချယ် စိုက်ခြင်းဆိုသည်မှာပြောင်းဖူးအတွင်း၌ပင်ပို၍ရေငတ်ခံနိုင်သောမျိုးပြားကိုရွေးချယ်စိုက်ရန်ဖြစ်သည်။ ဤနေရာတွင် ကြီးထွားမှုပုံစံမတူသော၊ဇီဝကမ္မမတူသော၊ သက်တမ်းမတူသောဂေဟဗေဒဆိုင်ရာ

အခြေချမှုမတူသော ယန္တရားများရှိနေသောအပင်များကိုသာမန်စိုက်ပျိုးသူများအနေနှင့်ကွဲကွဲပြားပြားနားလည်ရန်မလွယ်ကူပါ။ ရာသီဥတုပြောင်းလဲခြင်းသည်ရိယာအလိုက် တသမတ်တည်းသက်ရောက်မှုမရှိသကဲ့သို့
သက်ရောက်မှုကလည်းအလွန်ကွာခြားတတ်သည်။ ရာသီဥတုပြောင်းလဲခြင်းကြောင့်တနေရာတွင်မိုးကြီးပြီးမြေဆီလွှာတိုက်စားခံရခြင်း၊ရေမြှုပ်ခြင်း၊မြေပြိုခြင်းLand Slideဖြစ်သော်လည်းထိုရာသီဥတုပြောင်းလဲခြင်း
ကြောင့်ပင်မဝေးသောတစ်နေရာတွင်မိုးခေါင်ခြင်း၊ကန္တာရဖြစ်ပေါ်ခြင်းဖြစ်တတ်ပါသည်။
ကြောင့်ပင်မဝေးသောတစ်နေရာတွင်မိုးခေါင်ခြင်း၊ကန္တာရဖြစ်ပေါ်ခြင်းဖြစ်တတ်ပါသည်။
ရာသီဥတုပြောင်းလဲခြင်းကြောင့်တောင်ပေါ်ဒေသစိုက်ပျိုးရေးများ ၊မြေပြန့်ဒေသစိုက်ပျိုးရေးထက်ပို၍ခံစားနေရသည်ကိုနောက်ပိုင်းသိပ္ပံသုတေသီများ၏လေ့လာချက်များအရသိလာရသည်။ ရာသီဥတုပြောင်းလဲခြင်းကြောင့်မြေပြန့်ဒေသများတွင်ထိခိုက်သောစိုက်ပျိုးရေးအခြေအနေထက်တောင်ပေါ်ဒေသများတွင်ပို၍ခံစားကြရသည်။တောင်ပေါ်ဒေသတိုင်းရင်းသားများသည်ကမ္ဘာကြီးရာသီဥတုပြောင်းလဲခြင်းအတွက် တာဝန်အနည်းဆုံးရှိနေကြသေည်လည်း ထိုဖြစ်ရပ်၏ဆိုးကျိုးကိုအများဆုံးခံစားနေကြရသည်။တောင်ပေါ်ဒေသတွင်ရာသီဥတုပြောင်းလဲခြင်းကြောင့်စိုက်ပျိုးရေးဆိုင်ရာအခက်အခဲများဖြစ်လာရာမှတစ်ပြိုင်တည်းစားနပ်ရိက္ခာများမလုံလောက်ခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း၊စီးပွားရေးမကောင်းခြင်း၊ လူမှုရေး၊ပညာရေးများအထိအဆိုးဝင်္ကဘာအတွင်းမှရုန်းမထွက်နိုင်ကြတော့ပါ။
စိုက်ပျိုးရေးတွင်ရေမပါဘဲပြုလုပ်၍မရပါ။ စိုက်ပျိုးသီးနှံများအထွက်နှုန်းကောင်းရန်နှင့်အရည်အသွေးကောင်းရန်ရေအလုံအလောက်ရရှိရန်လိုအပ်ပါသည်။စေကိုအစေ့အညှောက်ပေါက်ချိန်မှရိတ်သိမ်းခါနီးအချိန်အထိလိုအပ်သော်လည်းအရေးအကြီးဆုံးလိုအပ်ချိန်မှာလိင်အင်္ဂါများစတင်ဖြစ်ပေါ်ချိန်ဖြစ်သည်။ စပါးစိုက်ပျိုးသူများက"ဖုံးတုံးလုံးတုံး"ကာလဟုခေါ်သည်။ထိုကာလအနီးဝန်းကျင်တွင်*အောင်ရေ*သွင်းကြရသည်။
လိင်ပိုင်းအင်္ဂါများဖွံ့ဖြိုးစတွင်တစ်စုံတစ်ရာ မှားယွင်းမှုသည်အခြားသောကာလများတွင်ဖြစ်ပေါ်သောထိခိုက်မှုထက်ပို၍ထိခိုက်သည်။ ထို့ကြောင့်စိုက်ပျိုးသူများအနေနှင့် ထိုအချိန်မျိုးတွင်ရေမပြတ်စေရန်အထူးသတိပြုရန်လိုအပ်သည်။ မိုးနည်း၍စိုက်လက်စမရိတ်သိမ်းနိုင်သေးသော အပင်များအခက်ကြုံရခြင်း၊မိုးနှောင်းနကောင်း၍အစို ဓာတ်မလုံလောက်ခြင်းကြောင့်ဝမ်းနည်းကြေကွဲနေ၍မပြီးပါ။တွေးခေါ်ပညာရှင်တစ်ဦးကဤသို့သွန်သင်ဖူးပါသည်။

*မုန်တိုင်းကျကာလလွန်သွားရန်မျှော်လင့်နေမည့်အစားထိုကာလတွင်ကခုန်နေနိုင်အောင်ပြုလုပ်ရမည်*
ဟုဆိုပါသည်။
မထင်မှတ်ဘဲသီးနှံသက်တမ်းအတွင်းရေပြတ်လပ်မှုကိုရေသွင်းရေဖျန်းခြင်းအယူအဆမှာကြောင်လည်ပင်းတွင်ခေါင်းလောင်းဆွဲရန်ရရှိသောအကြံမျိုးသာဖြစ်သည်။ ကမ္ဘာကြီး၏ကာဘွန်များသည်ကျောက်မီးသွေးများရေနံများတွင်ရှိနေသည်။ထိုလောင်စာများကိုနေ့စဉ်အမြောက်အများအသုံးပြုခြင်းဖြင့်လေထုအတွင်းကာဘွန်ဒိုင်အောက်ဆိုဒ်များရောက်ရှိလာသည်။ ထို့ကြောင့်ဤကမ္ဘာကြီးပူနွေးလာသည်။ ရာသီဥတုပြောင်းလဲလာသည်။ သစ်တောများမှသစ်ထုတ်ခြင်း၊တောမီးရှို့ခြင်း၊ ထင်းအသုံးပြုခြင်းကလည်းလေထုအတွင်း

ကာဘွန်ဒိုင်အောက်ဆိုဒ်များကိုပိုမိုရောက်ရှိစေသည်။ ကာဘွန်များ၏အမှန်တစ်ကယ် ရှိနေရမည့်နေရာမှာမြေသားထုအတွင်း (သို့မဟုတ်)မြေဆီလွှာ Soil အတွင်းသာဖြစ်သည်။
စိုက်ပျိုးသူများနှင့်ထိုအခြေခံကိုသဘောမပေါက်ဘဲဓာတ်မြေဩဇာများနှင့်အခြားစိုက်ပျိုးရေးသုံးဓာတုဆေးဝါးများပိုမိုအသုံးပြုခြင်း၊ သစ်ဆွေးမြေကဲ့သို့သဘာဝမြေဩဇာများကိုအလေးထား အသုံးမပြုခြင်း၊အလုံအလောက်အသုံးမပြုခြင်းကအခြေအနေကိုဆိုးဝါးစေသည်။ သာမန်စိုက်ခင်းတစ်ကတွင်တစရာသီ၌ယူရီးယားဓာတ်မြေဩဇာ ပေါင် ၁၀၀ ကျော် သာအသုံးပြုရသော်လည်းသစ်ဆွေးမြေကိုကား
ပေါင်ချိန်ထောင်သောင်းချီ၍အသုံးပြုရန်လိုအပ်ပါသည်။ တစ် ဧကတွင်နွားချေးကဲ့သို့သောသဘာဝမြေဩဇာတစ်လှည်း၊နှစ်လှည်းထည့်သလိုမျိုးနှင့်မလုံလောက်ပါ။
ပေါင်ချိန်ထောင်သောင်းချီ၍အသုံးပြုရန်လိုအပ်ပါသည်။ တစ် ဧကတွင်နွားချေးကဲ့သို့သောသဘာဝမြေဩဇာတစ်လှည်း၊နှစ်လှည်းထည့်သလိုမျိုးနှင့်မလုံလောက်ပါ။
သစ်ဆွေးမြေကဲ့သို့ကာဘွန်ပစ္စည်းများ၊အော်ဂဲနစ်ပစ္စည်းများရှိနေခြင်းသည်ဓာတ်မြေဩဇာများနှင့်မတူဘဲမိုးဦးကာလအနည်းငယ်သာရရှိသောရေကိုပင်လွယ်ကူလျှင်မြန်စွာ စုပ်ပြီူအချိန်ကြာမြင့်စွာပမာဏများစွာစုပ်ယူထားခြင်းကြောင့်သီးနှံပင်အတွက်မိုးနှောင်းကာလအထိအစို ဓာတ်ကိုအထိုက်အလျောက်ပံ့ပိုးနိုင်မည်ဖြစ်သည်။ထို့ကြောင့် စိုက်ပျိုးသူများအနေနှင့်ရာသီဥတုပြောင်းလဲမှုကြောင့်ကြုံတွေ့ရသောရေအခက်အခဲ
ကိုဖြေရှင်းရာတွင်တိုက်ရိုက်ကျသောရေသွင်းရေဖျန်းခြင်တို့ကိုမေ့ထားပြီးမြေပြင်ချိန်ကပင် သီးနှံသက်တမ်းတစ်လျောက်ရေကိုအလုံအလောက်သိုမှီးထားမည့်သစ်ဆွေးမြေကဲ့သို့ကာဘွန်ပစ္စည်းများကိုမြေဆီလွှာအတွင်းထည့်ထားရန်လိုအပ်သည်။

ရာသီဥတုပြောင်းလဲခြင်းကိုတစ်ခြားအမြင်တစ်မျိုးဖြင့်သုံးသပ်ပါကမြေသားထုအတွင်း၌ရှိနေရမည့်ကာဘွန်ပစ္စည်းများလေထုအတွင်းသို့ရောက်ရှိနေခြင်းသာဖြစ်သည်။မြေဆီလွှာအတွင်းကာဘွန်ပစ္စည်းပမာဏများစွာ၊အချိန်ကြာမြင့်စွာရှိနေရေးမှာသာမန်စိုက်ပျိုးသူတစ်ဦးပင်လျင်ပြုလုပ်နိုင်သောကိစ္စဖြစ်ပါသည်။
ရာသီဥတုပြောင်းလဲခြင်းကိုရင်ဆိုင်ဖြေရှင်းရာတွင်အပင်အာဟာရစားသုံးခြင်း၊မြေဩဇာအသုံးပြုခြင်း၊ကျန်းမာကြံ့ခိုင်အောင်ပံ့ပိုးသူများကပြုလုပ်ပေးခြင်းစသည်ဖြင့်ပံ့ပိုးကျားကန်ပေးရန်လိုအပ်ပါလိမ့်မည်။ ရာသီဥတု
ပြောင်းလဲခြင်းကြောင့်တောင်ပေါ်ဒေသစိုက်ပျိုးရေးလုပ်ငန်းများမအောင်မြင်ခြင်းသည်နေရာကွက်၍အကန့်အသတ်နှင့်ဖြစ်ပေါ်မနေဘဲတောမီးကဲ့သို့ပြန့်ထွက်မလာခင် မှန်ကန်သောနည်းများဖြင့်ကုစားရန်လိုအပ်
ပါလိမ့်မည်။
ပြောင်းလဲခြင်းကြောင့်တောင်ပေါ်ဒေသစိုက်ပျိုးရေးလုပ်ငန်းများမအောင်မြင်ခြင်းသည်နေရာကွက်၍အကန့်အသတ်နှင့်ဖြစ်ပေါ်မနေဘဲတောမီးကဲ့သို့ပြန့်ထွက်မလာခင် မှန်ကန်သောနည်းများဖြင့်ကုစားရန်လိုအပ်
ပါလိမ့်မည်။
ဦးဖရက်သိန်းဖေ
✏နည်းသစ်စွယ်စုံဂျာနယ်
အတွဲ(၅ )၊အမှတ်(၉)မှကူးယူဖော်ပြပါသည်။
အတွဲ(၅ )၊အမှတ်(၉)မှကူးယူဖော်ပြပါသည်။