ပေါက်
Butea monosperma
Family: Fabaceae (pea family)
Flame of forest
Bastard teak, parrot tree, Keshu (panjabi)

          အခုလို လ ထဲမှာ ပေါက်ပန်းတွေပွင့်လို့နေပါဘီ၊ ပန်းရဲ့အရောင်က ထင်ရှားလှတာမို့ အဝေးကမြင်နိုင်မှာပါ၊ ပေါက်ပန်းနဲ့ ပတ်သက်ပြီးမှတ်မှတ်ထင်ထင်တွေရှိခဲ့တယ်။ မြန်မာနိုင်ငံမှာ ပေါက်မြို့ဆိုတာရှိတယ် ပေါက်မြို့ဆိုတဲ့အတိုင်း မြို့အပြင်ဖက်မှာ ပေါက်ပင်ကြီးတွေရှိတယ်၊ ကျနော့် flora က ပေါက် ပုံတောင် ကျောက်ထုဆိုတော့ thesis လုပ်ဖို့ အရင်က တလ ၂ ခေါက်ကတော့ရောက်ဖြစ်ခဲ့တယ်၊ မြို့အထွက်ဆိုင်းဘုဒ်မှာ " ပေါက်ပေါက်ရောက်ရောက်ရှိပါစေ" ဆိုတဲ့ အရေးအသားက မမေ့နိုင်စရာပါဘဲ အခုတော့ ရှိပါသေးရဲ့လား မသိ၊ ပေါက်ပွင့်နဲ့ ပတ်သက်ပြီး နောက်ထပ်မမေ့နိုင်တဲ့ အဖြစ်အပျက်တခုလည်းရှိသေးတယ်၊ ကျနော်ကျောင်းသားဘဝက ဆီးသွားခက်ပြီး ဆီးအောင့်တဲ့ဝေဒနာခံစားနေစဉ် သူငယ်ချင်းက ဒါများလွယ်လွယ်လေး ပေါက်ပွင့်အခြောက်ကိုရေနွေးစိမ်သောက်ရင် ok တယ်ဆိုလို့ စိမ်သောက်တာ ၃ ရက်လောက်ကြာတော့ သက်သာသွားခဲ့ဖူးတယ်၊ သူငယ်ချင်း ဘယ်ဆေးကျမ်းကလည်းမေးတော့ သူကရီတယ်၊ နာမည်ကိုက ပေါက်ပွင့်ပါဆိုမှကွာ ပေါက်ယုံတင်ဘယ်ကမလဲ ဆိုလို ခံရခက်ခက်နဲ့ ရန်ဖြစ်ရသေးတယ်၊ ခုတော့ ရယ်စရာမဟုတ်ဘဲ တကယ်ဆေးဝင်နေတာသိလိုက်ရဘီ၊
    ပေါက်ပင်ရဲ့ မူရင်းနိုင်ငံက အန္ဒိယ ဖြစ်ပြီး Southeast Asia, Bangladish, Cambodia, Vietnam, Malaysia, Indoneshia တွေမှာလည်းပေါက်တယ်၊ အပင်ကြီးမျိုးထဲမှာပါပေမဲ့ အပင်အမြင့်က ပေ ၄၀ ကျော်ပါတယ် dry season_deciduous tree အမျိုးအစားပါ၊ ၊ အခေါက်တွေက မွဲပြာပြာ အရောင် အညိုရောင်ဖြော့ဖြော့ပါ၊ ပဲမျိုးရင်း ထဲကအပင်တွေက ပင်ပြော့တွေများတယ် အပင်ကြီးမျိုးက နဲတယ် ပိတောက် သင်းဝင် တမလန်း ပေါက် စတဲ့အပင်တွေက ပဲပင်အနွယ်တွေပါ၊ ပဲမျိုးရင်းထဲပါတာမို့လည်း အရွက်တွေက ရွက်ပေါင်းတွေဖြစ်ပါတယ်၊ ငှက်မွှေးရွက်ပေါင်းဖြစ်ပြီး သူ့မှာကြီးမါးသော ရွက်မွှာ ၃ ခုပါပါတယ် ၊ အခြားပဲမျိုးရင်းဝင်အပင်တွေရဲ့ အရွက်တွေထက်ကြီးပါတယ်၊ တခါတလေ 20 cm လောက်ရှိလို့နေပါတယ်၊ အရွက်တွေက မာကြောပြီး coriaceous ပုံစံပါ၊ December ကနေ January လောက်ဆို အရွက်တွေခြွေချတတ်ပြီး march လောက်ဆိုရင် ရဲရဲနီသော ပေါက်ပန်းတို့ပွင့်လို့နေပါဘီ၊ တောထဲမှာ ကြက်သွေးနီရောင်ဖြစ်လို့နေတာမို့လည်း flame of forest လို့တင်စားကြတာပါ၊ အရွက်ကင်းသော အကိုင်းပေါ်ကနေစုထွက်နေပုံက မီးလောင်နေသော မီးတောက်ပမာဖြစ်နေလို့ ဒီအမည်ပေးတာလို့မှတ်ယူရမှာပါ၊ ပွင့်ဖတ်အုံ calyx တွေက dark brown အရောင်ဖြစ်ပြီးအမွှေးများရှိပါတယ်၊ ပွင့်ချပ် petals တွေကတော့ တောက်ပသော bright orange- red အရောင်ပါ၊ ဝတ်ဆံဖိုတွေက အစုအစည်းလိုက်ဖြစ်ပြီး ၂ စုစည်း diadelphous ဖြစ်လို့နေပါတယ်၊
          အသီးတောင့်ကို pod လို့ခေါ်ပြီး အက်ကွဲသီး အမျိုးအစားပါါ၊ အပင်ရဲ့ဆေးဝင် အင်္ဂါတွေက အရွက် အစေး ပန်းပွင့် အစေ့ နဲ့ အခေါက်တွေပါ၊ ဒီအပင်က Ayurveda ဆေးဖက်ဝင် အပင်တပင် အနေနဲ့ ထင်ရှားလှတယ်၊ အစေ့ကို purgative ဝမ်းနှုတ်ဆေးအနေနဲ့ သုံးနိုင်သလို၊ ဆီးရွှင်ဆေး diuretic ၊ သံချဆေး၊ anthelmintic၊ ကပ်ပါးပိုးများနှိမ်နှင်းရာမှာလည်းအသုံးပြုနိုင်ပါတယ်၊ အထူးသဖြင့် အမှုံ့ထောင်းထားသော အစေ့ မှုံ့ဟာ အူလမ်းကြောင်းမှာရှိသော ကပ်ပါးပိုးတွေကို နှိမ်နှင်းနိုင်တယ်လို့ သိရတယ်၊ အစေ့မှုံ့နဲ့ သံပုရာ ရောပြီး rubefacient ( အရေပြားနီမြန်းဆေး ) အနေနဲ့သုံလျှင် အတော်ကို အစွမ်းထက်တယ်လို့ သိရပါတယ်၊ အရေပြားယားယံခြင်းတွေလည်းသက်သာစေနိုင်တယ်၊ ပန်းပွင့်နဲ့ အရွက်တွေကို diuretic aphrodisiac အနေနဲ့ အသုံးပြုကြသလို pelvic region တင်ပဆုံရိုးခွေတဝိုက် သွေး စီးဆင်းမှုကို မြန်ဆန်စေပါတယ်၊ ကာလဝမ်းရောဂါ ဝမ်းစိမ်းလျောခြင်း ခေါ် diarrhoea ဖြစ်နေရင် flower infusion အရည် ပေးရင် သက်သာ စေပါတယ်၊ ပင်စည်အခေါက်ကနေထွက်တဲ့ အစေး မှာ astringent action ချုပ်စေနိုင်သော ဂုဏ်သတ္တိရှိလို့နေပါတယ်၊ ဒါ့အပြင် haemorrage ခေါ် သွေးသွန်ခြင်း သွေးထွက်ခြင်းများကုသရာမှာ အသုံးဝင်ပါတယ်၊ အစေ့ကို သံချဆေး သုံးနိုင်သလို ဝမ်းပြော့ဆေး laxative အနေနဲ့လည်းသုံးကြတယ်၊ အစေ့အပေါ်ကအုပ်ထားသော အစေ့ခွံ kernel ကို အခြောက်ခံထုထောင်းအမှုန့်လုပ်ပြီးပျားရည်နဲ့ရောပြီးသောက်ရင် အူလမ်းကြောင်း ကပ်ပါး ရောဂါတွေပျောက်ကင်းစေပါတယ်၊ အစေ့မှုန့် နဲ့ သစ်ဂျပိုးအမှုန့်က ရေနွေးနဲ့သောက်သုံးရင် ဝမ်းကိုက်ရောဂါသက်သာစေတယ်၊ လက်တဆုပ်စာရှိသော ပေါက်ပန်းကို ရေ၁လီတာနဲ့ပြုတ် ပြီးရင် အရည်ကိုစစ်ယူ သတ္ထုဆားအနဲငယ် ထည့်ပြီး သောက်ခြင်းဖြင့် ဆီးသွားရလွယ်ကူစေပြီး ရောဂါသက်သာစေပါတယ်၊
           အပွင့်တွေက သွေးကိုသန့်စင်စေပြီး ခန္ဓာကိုယ်မှ အဆိပ်များကိုဖယ်ရှားပေးပါတယ်၊ ဒါ့အပြင် boil, diabetes ဆီးချိုရောဂါ , ulcer တွေကိုလည်း ကုသနိုင်ပါသေးတယ်၊ ဆေးဖက်ဝင်သော်လည်း အစေ့မှုန့်တွေက ကာလတိုဘဲသုံးစွဲသင့်တယ်၊ သူ့ကို ကြာရှည်စွဲသုံးရင် ဘေးထွက်ဆိုးကျိုးတွေရှိတယ်၊ ကြွက် ခွေး ယုန်တွေကို ကြာရှည်ကြွေးကြည့်ရာမှာ anaemia, gross dilation of stomach, gastric inflammation, liver enlargement, spleen enlargement တွေတွေ့လာရတယ်၊ အခြား website တခုမှာတော့ ပန်းပွင့်ကို ရေနဲ့ပြုတ်ပြီး သကြားထဲ့ပါ 100ml ဒီဖျော်ရည်က တနေ့ ၂ ကြိမ် သောက်ခြင်းဖြင့် ဆီးများများသွားစေသလို ဆီကျောက်ကိုလည်း ကြေစေတယ်လို့ ဆိုထားပါတယ်၊ အခြားကုသနိုင်တဲ့ ဆေးနည်းပေါင်းများစွာကို အောက်ပါ website တွေမှာ ရေးသားထားချက်တွေက အဖိုးတန်လှပါတယ်၊ အပင်က နေ သဘာဝ lacquer ကို ထုတ်ယူရရှိနိုင်တယ်၊ အရှင်နာဂသိမ်ဆေးကျမ်းထဲမှာတော့ အပင်ရဲ့ ဂုဏ်နဲ့စွမ်းရည် ပဉ္စငါးပါးအသုံးဝင်၏ ဖန်ခါးစပ်၏ပူ၏ ဝိပါကစပ်၏ ဝမ်းမီးကိုတောက်စေ၏ သုတ်ကိုပွားစေ၏ ဆီဝမ်းကိုရွှင်စေ၏ ပြေပြစ်၏ ကျိုးသော အရိုးကိုဆက်စေ၏၊ ဝမ်းအောင့် မြင်းသရိုက်နာ ပိုးနာ အနာပေါက် ဂူလုံး ရောဂါများပျောက်စေ၏အပွင့်သည် အေး၏ လေကိုပွားစေ၏ သလိပ်သည်းခြေကိုနိုင်၏ ပူခြင်း ပါဒရက် ဆီးအောင့် နူနာ ရေငတ် ပျောက်စေ၏၊ အမြစ်ရည်က အရောင်အဆင်းကိုပွားစေ၏ မျက်စေ့အိမ်ယောင်ခြင်း ညဖက်မျက်စေ့မမြင်ခြင်း အစေးသည်ချုပ်၏ ခံတွင်းနာ ချောင်းဆိုးချွေးထွက်ခြင်းတို့ ပျောက်ကင်းစေ၏၊ ပေါက်အစေ့ကို သံပုရာနဲ့ ရောကြိတ်ပြီးလိမ်းက ပွေးနာ ယားနာတွေပျောက်ပါတယ်၊ 
         အပွင့်ကနေ တကယ်ကိုလှပသော Holi color ကိုပေးပါတယ်။ ခဆေးဆိုးရာမှာသုံးကြတယ်၊ ပေါက်ပင်နဲ့ ပတ်သက်ပြီး တကယ်ကို ဆေးဝင်မှုတွေက အများကြီးပါ၊ ရေးလို့ မကုန်နိုင်အောင်ပါဘဲ၊ သဘာဝ ပတ်ဝန်းကျင်ကို အလှဆင်ရုံသာမက ဆေးဖက်လည်းဝင်လှတဲ့ ပေါက်ပွင့်တွေအကြောင်း..စဉ်းစားရင်း..အညာရနံတွေရလို့လာပါတယ်.....
Photo from . Pbase.comastrogle.com,en.weikipedia.org
Medicinal Use Of Palash Or Butea Monosperma - health
www.bimbima.com › post › 2013/09/25
Butea Monosperma (Flame of the Forest) Medicinal Value & Health ...
www.astrogle.com › Ayurveda
Wikipedia.
Ashinnagathein


 
Top