သခွားသီး၊ ကျောက်ဖရုံ သီးတို့နှင့် မျိုးနွယ်ဆင် တူသော ဂေါ်ရခါး သီးလေး များသည် ရုက္ခဗေဒ သဘော အရ အသီးအနှံ တစ်မျိုး ဖြစ်သော်လည်း ၎င်းကို ဟင်းသီး အရွက် အဖြစ်သာ အသုံးပြုလေ့ ရှိကြ၏။ ကမ္ဘာသုံး သီးနှံဖြစ်သော ဂေါ်ရ ခါးသီးကို အခြား နိုင်ငံ များတွင် chocho ဟုခေါ်ကြပြီး၊ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုတွင် လူကြိုက်များ ရေပန်းစား လျက်ရှိသည်။ မြန်မာပြည်၏ ရှမ်းပြည်ကဲ့သို့ အေးမြသော ဒေသ များတွင်  တစ်နှစ်ပတ်လုံးလိုလို တွေ့ရတတ် ပြီး၊ စူကာသီးဟု ခေါ်ဆိုကြ၏။ သဘာဝ အလျောက် စိမ်းစိမ်းစိုစိုနွယ်ပင် နှာမောင်း များဖြင့် ကပ်မြှောင်ပေါက်ရောက် လေ့ရှိကြ ပြီး၊ အပင် နွယ်တက်နိုင်စေရန် စင်ခံ၍ စိုက် ပျိုးပေးပါက ကြီးထွားနှုန်းလျင်မြန် စေသည်။

   အပင်မှ အဖြူရောင် အဖိုပွင့်နှင့် အမ ပွင့်လေးများ တစ်ပြိုင်နက်တည်း ဖူးပွင့်ကြပြီး ပျား၊ ပိတုန်းလေး များက ၀တ်မှုန်ကူးပေး လေ့ရှိကြ၏။ ၀တ်မှုန်ကူးပြီးနောက် ရက်ပေါင်း ၃၀ အကြာတွင်  ဂေါ်ရခါးသီးကို ခူးဆွတ်နိုင်ပြီး ရာသီ တစ်ရာသီတွင် အပင် တစ်ပင်တည်းမှ ဂေါ်ရခါးသီး အလုံးပေါင်း ၁၀၀ မှ ၁၅၀ အထိ အသီး သီးပါသည်။ များသော အားဖြင့် ဂေါ်ရခါးသီး၏ ပုံသဏ္ဌာန်မှာ အရင်းပိုင်းတွင် လုံးဝန်း၍ အဖျားရှူးပါ သည်။ သို့သော် တစ်ခါတစ်ရံတွင် အသီး ပုံသဏ္ဌာန်ကို လက်ဝှေ့ထိုးသော လက်အိတ် အစွပ်ပုံစံ၊ သက်ကြီးရွယ်အိုများသွားမရှိဘဲ ပါးစပ်စေ့ထားသော လူမျက်နှာပုံစံများ အဖြစ် ထူးခြားစွာတွေ့ရတတ်သည်။ အမျိုး အစားပေါ်မူတည်၍ အချို့အသီးများ၏ အပေါ်ယံအခွံတွင် ထိုးထိုးထောင်ထောင်  ဆူးချွန်များ ပါရှိကြ၏။
         အတန်ငယ် ကြတ်ဆတ်သော အဖြူရောင်အသားများ၏ အလယ်တွင် နို့နှစ်ရောင်အစေ့ပါရှိပြီး ထို အစေ့ကိုတော့ စားလေ့မရှိပါ။ အရည်ရွှမ်းပြီး အရသာချိုသော ဂေါ်ရ ခါးသီးကို ကြက်ဥ၊ ဘဲဥဖြင့်ရောမွှေကြော် ခြင်း၊ နှစ်သက်ရာ အသားတစ်မျိုးမျိုးဖြင့် ရော ကြော်ခြင်း၊ ပုစွန်ခြောက်ဖြင့်ကြော် ချက် ချက်ခြင်း၊ အခြားဟင်းသီးဟင်းရွက်များ ဖြင့်ရောကာ သက်သက်လွတ်အစိမ်းကြော် ခြင်း၊ ရေနွေးဖြော သို့မဟုတ် ခပ်စိမ်းစိမ်း ပြုတ်ကာ ငပိရည်တို့မြှုံ့ခြင်း၊  သီးစုံပဲကုလား ဟင်း၊ ချည်ရည်ဟင်းချက်ခြင်း၊ ဘူးသီးရှား ပါးသော ရာသီတွင်ဂေါ်ရခါးသီးကို ဘူးသီး ကြော်ကဲ့သို့ ကြော်စားခြင်း၊ ကြက်သားဖြင့် ရောနှောကာ ကာလသားဟင်း ချက်စား ခြင်း၊ အသီးကို အစိမ်းလိုက် အသားများကို ခြစ်ယူ၍ သုပ်စားခြင်း စသည်ဖြင့် အမျိုးမျိုး လုပ်စားနိုင်၏။ အသီးသာမက အရွက်၊ ပင်စည်အညွန့်နှင့် အမြစ်တို့ကိုပါ စားသုံး နိုင်ပါသည်။
        အစိမ်းရောင်ရှိပြီး လတ်ဆတ် သော ဂေါ်ရခါးရွက်အညွန့်(စူကာညွန့်) သည် ကန်စွန်း၊ ဟင်းနုနယ်၊ ပဲညွန့်တို့ထက်အရသာ ပိုမိုကောင်းမွန်သောကြောင့် မီးဖို ချောင်သုံးဈေးကွက်ထဲတွင် ဂေါ်ရခါးညွန့် က အသီးထက် ဈေးပိုကောင်းပါသည်။USDA ၏ ဓာတ်ခွဲစမ်းသပ်ချက်များ  အရ ၁၀၀ ဂရမ် အလေးချိန်ရှိသော ဂေါ်ရခါး  သီးထဲတွင် လူသားတို့ကျန်းမာရေးကို ကောင်းကျိုးပြုစေသော ခွန်အား ၁၉ကယ်လို ရီ၊ ကစီဓာတ် ၄ ဒသမ ၅၁ ဂရမ်၊ ပရိုတင်း သုည ဒသမ ၈၂ ဂရမ်၊ အဆီဓာတ် သုည ဒသမ ၁၃ ဂရမ်၊ ချေဖျက်လွယ်သောအမျှင် ဓာတ် ၁ ဒသမ ၇ ဂရမ်၊ ဖောလိပ် ၉၃ µg၊ နီအာစင် သုည ဒသမ ၄၇ မီလီဂရမ်၊ ပန်တို သနစ်အက်ဆစ် သုည ဒသမ ၂၄၉ မီလီဂရမ်၊ ပိုင်ရီဒေါက်ဆင်း သုည ဒသမ ၀၇၆ မီလီ ဂရမ်၊ ရီဘိုဖလာဗင် သုည ဒသမ ၀၂၉ မီလီ ဂရမ်၊ သီအာမင် သုည ဒသမ ၀၂၅ မီလီဂရမ်၊ ဗီတာမင်စီ ၇ ဒသမ ၇ မီလီဂရမ်၊ ဗီတာမင်အီး သုည ဒသမ ၁၂ မီလီဂရမ်၊ ဗီတာမင်ကေ ၄ ဒသမ ၁ µg၊ ဆိုဒီယမ် ၂ မီလီဂရမ်၊ပိုတက် စီယမ် ၁၂၅ မီလီဂရမ်၊ ကယ်လ်စီယမ် ၁၇ မီလီ ဂရမ်၊ သံဓာတ် သုည ဒသမ ၃၄ မီလီဂရမ်၊  မဂ္ဂနီစီယမ် ၁၂ မီလီဂရမ်၊  မဂ္ဂနီးစ်သုည ဒသ မ ၁၈၉ မီလီဂရမ်၊ ဖော့စဖရက် ၁၈ မီလီဂရမ်၊ စီလီနီယမ် သုည ဒသမ ၂ မိုက်ကရိုဂရမ်နှင့် ဇင့် သုည ဒသမ၇၂ မီလီဂရမ်တို့  အသီးသီး ပါရှိကြပြီး၊ ဘေးဥပါဒ်ဖြစ်စေသော ကိုလက် စထရော လုံးဝမပါရှိပါ။
        ဂေါ်ရခါးသီးထဲတွင်ပါရှိသော ဖော လိပ်ဓာတ်သည် သွေးထဲရှိဆဲလ်များနှင့် DNA ဖွဲ့စည်းတည်ဆောက်မှုကို အားပေး ခြင်း၊ မွေးဖွား
လာသည့် ရင်သွေးငယ်များ တွင် မွေးရာပါ အာရုံကြောရောဂါပြဿနာ များမှ ကင်းဝေးစေခြင်း၊ ပေါင်မပြည့်သော ကလေးမွေးဖွားခြင်းမှ ကင်းဝေးခြင်းစသည့် ကောင်းကျိုးများပေးစွမ်းနိုင်သဖြင့်  သား သမီးယူရန်အစီအစဉ်ရှိသော မိခင်လောင်း များအနေဖြင့်ကိုယ်ဝန်ဆောင်နေစဉ် တစ်လျှောက်လုံးနှင့် နို့ချိုတိုက်ကျွေးနေစဉ် ကာလတို့မှာလည်း ဂေါ်ရခါးသီးကို မဖြစ် မနေ စားပေးသင့်ပါသည်။ ၁၉၉၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ သုတေသနပြု ကြရာ၊ အရွယ်ရောက်နေသူ အမျိုးသမီးများ ၏ တစ်နေ့တာလိုအပ်သော ဖောလိပ် ပမာဏမှာ ၄၀၀ မီလီဂရမ်ဖြစ်ရာ၊ ဖောလိပ် အက်ဆစ်<ကယ်ဝသော ဂေါ်ရခါးသီးကို မှန် မှန်စားပေးရန် တိုက်တွန်းထားပါသည်။
       အမျှင်ဓာတ်တို့ စုဝေးရာ အရင်းအမြစ် ဖြစ်သည့်အပြင် ရေဓာတ် ၉၄ ရာခိုင်နှုန်းပါရှိ ၏။ ထို့ပြင် ကိုလက်စထရောလုံးဝမပါရှိခြင်းကြောင့် ခန္ဓာကိုယ်အလေးချိန် ထိန်း သိမ်းလိုသူများအတွက် အထူးသင့်တော်ပါ သည်။   ဗီတာမင်စီ၊ အက်စ်ကောဘစ်အက်ဆစ်နှင့် poly-phenolic (ခေါ်) ဓာတ်တိုး ဆန့်ကျင် ပစ္စည်းများ ပါရှိကြရာ ထိုဓာတ်များက  free radicals ကြောင့် ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးသည်။ အထူးသဖြင့် အစာအိမ်၊ ရင်သား၊ မျိုးဥအိမ်၊ သားအိမ်၊ အူမကြီးနှင့် အဆုတ်ကင်ဆာဆဲလ်များ ကြီးထွားလာခြင်းကို ဟန့်တားပေးနိုင်ပါသည်။ ဂေါ်ရခါး သီးထဲတွင်ပါရှိသော မဂ္ဂနီးစ်နှင့် ဗီတာမင် ဘီ-၆ တို့သည် ခန္ဓာကိုယ်ထဲရောက်သွားသောအခါ ဓာတ်ပြုကြပြီးနောက် ပရိုတင်း အဖြစ် ပြောင်းလဲကာ ခွန်အားများကိုထုတ် ပေးနိုင်၏။ ထို့ကြောင့် အရွယ်သုံးပါးမရွေးစားသုံးသင့်ပါသည်။ အူသိမ်၊ အူမတို့ စွမ်း ရည်ကို မြှင့်တင်ပေးသောကြောင့် ၀မ်းချုပ် ခြင်းမှ ကာကွယ်ပေးနိုင်၏။ အမျိုးသမီး တစ်ဦး၏  တစ်နေ့တာ ဗီတာမင်ကေ လိုအပ်ချက်မှာ ၉၀ မီလီဂရမ်ဖြစ်ပြီး၊ အမျိုးသား တစ်ဦး၏လိုအပ်ချက်မှာ ၁၂၀ မီလီဂရမ်ဖြစ်၏။
        ထို့ကြောင့်  ဗီတာမင်ကေ ကြွယ်ဝသော ဂေါ်ရခါးသီးကို စားပေးခြင်းဖြင့် အရိုးပွခြင်းမှ ကာကွယ်ပေး နိုင်ပါသည်။ ပိုတက်စီယမ်နှင့် ဗီတာမင်ဘီ-၆တို့ လုံလောက်စွာပါရှိခြင်းကြောင့်၊ အောက်စီ ဂျင်ကို ဦးနှောက်သို့ရောက်အောင် စွမ်း ဆောင်ပေးနိုင်ပြီး မှတ်ဥာဏ်စွမ်းရည် တိုးတက်မြင့်မားစေပါသည်။ စိတ်ရွှင်လန်း ဆန်းစေပြီး အယ်လ်ဇိုင်မား (ခေါ်) ဦးနှောက် အကြိုဇရာရောဂါမှလည်း ကင်းဝေးစေနိုင်၏။ ထို့ပြင် နာတာရှည် အိပ်မပျော်သူများ အတွက် အထူးသင့်တော်ပြီး ပင်ပန်းနွမ်းနယ် မှုများကိုလည်း သက်သာလာစေပါသည်။ သွားဖုံးကျန်းမာရေး၊ သွားကျန်းမာရေး၊ ခံတွင်းအပူလောင်ခြင်း၊ အဆုတ်ကျန်းမာရေးနှင့် ကျောရိုးကျန်းမာရေးတို့ကိုတိုးတက် ကောင်းမွန်စေ၏။
          ဂေါ်ရခါးသီးသည် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်သောကြောင့် မကြာခဏ ဖြစ်ပေါ်တတ်သော အပူဖျား၊ အအေးဖျားနာခြင်းနှင့် ကူးစက်တုပ်ကွေးရောဂါများကို ကြိုတင်ကာကွယ်ပေးနိုင်ပါသည်။ ဂေါ်ရခါးသီးထဲတွင် ကော့ပါးဓာတ် အမြောက် အမြားပါရှိသဖြင့်ဟိုမုန်းထုတ်လုပ်ခြင်း၊ စုပ်ယူခြင်း စသည့် သိုင်းရွိုက်၏ လုပ်ငန်း ဆောင်တာများကို အထောက်အကူပြုကာ သိုင်းရွိုက်ကို ကျန်းမာစေပါသည်။ဂေါ်ရခါး သီးထဲတွင်ပါရှိသော ဗီတာမင်အီးနှင့် ဗီတာ မင် စီတို့သည် အသားအရေကျန်းမာစေ ခြင်း၊  အက်စ်ကောဘစ်အက်ဆစ်သည် အရွယ်တင်နုပျိုစေခြင်း၊ ဖောလိပ်သည် အသားရေတင်းရင်းစေခြင်း၊ နီအာစင်း ဓာတ်သည် အရေပြား တစ်ရှူးများကို ကျန်းမာစေခြင်း၊ ဇင့်ဓာတ်သည် ခန္ဓာကိုယ် အရေပြားထဲမှအဆီထွက်ရှိမှုကို ထိန်းချုပ် ပေးပြီး မျက်နှာနှင့်ခန္ဓာကိုယ်ပေါ်ရှိ ၀က်ခြံများကို ပျောက်ကင်းသက်သာစေခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါသည်။
            ရင်ခွင်ပိုက် ရင်သွေးငယ်များအတွက် တစ်နေ့တာ ဗီတာမင်ဘီ-၆ လိုအပ်ချက် ပမာဏမှာ သုည ဒသမ ၀၁၅ မီလီဂရမ်၊  ကလေးများအတွက် သုည ဒသမ ၂ မှ ၁ ဒသမ ၂ မီလီဂရမ်၊ ဆယ်ကျော်သက် များအတွက် ၁ ဒသမ ၄ မှ ၂ မီလီဂရမ်၊ အရွယ်ရောက်ပြီးသူများအတွက် သုည ဒသမ ၀၂ မီလီဂရမ် လိုအပ်၏။ ထို့ကြောင့် ဗီတာဘီ-၆ ကြွယ်ဝ သည့် ဂေါ်ရခါးသီးကို အရွယ်သုံးပါးမရွေး စားသုံးသင့်ပါသည်။ ဂေါ်ရခါးသီးထဲတွင် မဂ္ဂနီဆီယမ်ဓာတ်ပါရှိသောကြောင့် မှန် မှန်စားပေးခြင်းဖြင့် ခြေသလုံး<ကက်သား များ ကြွက်တက်ခြင်းမှ ကာကွယ်ပေးနိုင်၏။
           လူတစ်ယောက်အတွက် တစ်နေ့တာ အမျှင်ဓာတ်လိုအပ်ချက်ပမာဏ ၁၄ ရာခိုင်နှုန်းကို ဂေါ်ရခါးသီးမှရရှိကာ ကိုလက်စထ ရောကျစေ၍ သွေးထဲရှိသကြားဓာတ် တိုးပွားခြင်းကို ထိန်းချုပ်ပေးနိုင်သောကြောင့် ဆီးချိုရောဂါသည်များကို ကောင်းကျိုးပြုပါသည်။အသီးထဲတွင်ပါရှိသော ပိုတက်စီ ယမ်ဓာတ်သည် သွေးထဲရှိ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို သန့်စင်ပေးရုံသာမက၊  သွေးခုန်နှုန်းဖိအားကို ထိန်းချုပ်ပေးသဖြင့် သွေးတိုးကျစေပါသည်။ အဆစ်အမြစ် ကိုက်ခဲနာကျင်ခြင်းနှင့် ဂေါက်ရောဂါသမား များအတွက် ဖလေဗိုနွိုက်ပါသော ဂေါ်ရခါး သီးကို စားပေးခြင်းဖြင့် နာကျင်ကိုက်ခဲမှု များကို သက်သာလာစေပါကြောင်း ရေးသားလိုက်ရပါသည်။
- ကိုးကား (ekcyclopedia – nutritent Chayote) မြန်မာတောင်သူကြီးများ ဂျာနယ်

ဓာတ်ပုံ - www.wiwords.com
 
Top