အင်္ဂလိပ်အမည် - Carrot
သိပ္ပံအမည် - Daucus carota
မျိုးရင်း - Apiaceae
#၁။ ဘက်တီးရီးယားရွက်ခြောက်ရောဂါ (Bacterial blight: Xanthomonas campestris pv.carotae )
• အရွက်များပေါ်တွင် ပုံသဏ္ဍာန်မမှန်သော အညိုရောင်အစက်များ၊ ရွက်ရိုးများပေါ်တွင် ညိုရင့်ရောင်စင်းကြောင်းများနှင့် ပန်းပွင့်သည့်အပိုင်းများတွင် ရောဂါကျရောက်စေသည်။
• အရွက်များပေါ်မှ ဒဏ်ရာများသည် အ၀ါရောင်အစက်လေးများအဖြစ် စတင်သည်။

• မကြာမီ အစက်များ၏ဗဟိုသည် ခြောက်သွေ့လာကြပြီး ပုံသဏ္ဍာန်မမှန်သော စက်ဝန်းနှင့်အတူ ကြွတ်ဆတ်သည်။
ကာကွယ်နှိမ်နင်းခြင်း
• ကော့ပါးအော်ဇီကလိုရိုဒ် ၀.၂၅% ကို စောစီးစွာ ပက်ဖျန်းပါ။
#၂။ ဘက်တီးရီးယား ပျော့ပုပ်ရောဂါ (Bacterial soft rot: Erwinia carotovora sp. Carotovora)
#ရောဂါလက္ခဏာများ
• ဆဲလ်များသည် ရေစိုနာကွက်ဖြစ်လာကြပြီး အလယ်ရွက်ပြားသည် ပျက်စီးသွားပြီး ဆဲလ်များသည် နူးညံ့ပြီး ရေစိုပြီးပါးလွှာသည့် အစုအဝေးအဖြစ် ပြိုကွဲသွားသည်။
• ပုပ်သွားသော တစ်ရှုးများသည် မီးခိုးရောင်မှ အညိုရောင်အထိရှိသည်။ ၄င်းတို့သည် ဆိုးဝါးသောအနံ့ရှိသည်။
• ပုပ်သိုးမှုသည် အမြစ်ပင်မတစ်လျှောက် လျှင်မြန်စွာ ဖွံ့ဖြိုးကြီးထွားလာသည်။
ကာကွယ်နှိမ်နင်းခြင်း
• မသိုလှောင်မီ (သို့မဟုတ်) သယ်ယူပို့ဆောင်မှုမပြုမီ ဆိုဒီယမ်ဟိုက်ဒြိုကလိုရိုတ် ၁း၅၀၀ ဖျော်ရည်တွင်နှစ်ပါ။
#၃။ စာကိုစပိုးရားရွက်စက်ပြောက်ရောဂါ (Cercospora leaf spot: Cercospora carotae)
• ကနဦးရောဂါလက္ခဏာသည် ရွက်ဆစ်များ၏အစွန်းတစ်လျှောက်တွင် ရှည်မျောမျော ဒဏ်ရာများအဖြစ် ပေါ်လာကြသည်။
• အစွန်းနားမဟုတ်သော ဒဏ်ရာများသည် သေးငယ်ပြီး ပင်အပ်သဖွယ် ဒဏ်ရာအစက်များ အဖြစ် ပေါ်လာကြပြီး ၄င်းသည် ပြန့်နှံ့နေသော ဒဏ်ရာအနားဖြင့် ၀န်းရံထားသော ဒဏ်ရာဗဟိုတွင် ဖွံ့ဖြိုးလာသည်။
• အစက်များပေါင်းစည်းသွားခြင်းကို အတွေ့ရများသည်။ ဖြောင့်တန်းသော အနက်ရောင် ဒဏ်ရာများ ရွက်ရိုးများပေါ်တွင် ဖွံ့ဖြိုးလာကြပြီး တစ်ခါတစ်ရံတွင် ရွက်ရိုးကို ရစ်ပတ်ကာ အရွက်ကို သေစေသည်။
‪#‎ကာကွယ်နှိမ်နင်းခြင်း‬
• မျိုးစေ့တစ်ကီလိုဂရမ်လျှင် ကက်ပ်တန် (၄) ဂရမ်နှုန်းဖြင့် မျိုးစေ့ဆေးစီရင်ပါ။
• ကော့ပါးအော်ဇီကလိုရိုဒ် (သို့မဟုတ်) မန်ကိုဇက်ဘ်ကို (၁၀) ရက်ခြားတစ်ခါ ပက်ဖျန်းပါ။
#၄။ စကလိုတီးနီးရား မြစ်ပုပ်ရောဂါ (သို့မဟုတ်) မှိုဖြူရောဂါ (Sclerotinia Rot or White mold: Sclerotinia sclerotiorum)
#ရောဂါလက္ခဏာများ
• ဥ၀ါများသည် စိုက်ခင်းထဲတွင် ကျရောက်မှုနည်းသည် (သို့မဟုတ်) မရှိသော်လည်း ဆေးကြောခြင်းနှင့်သိုလှောင်ခြင်းတွင် သိုလှောင်ထားသော ဥ၀ါများပေါ်တွင် မှိုဖြူ အဆမတန် ကျရောက်မှုကို မကြာခဏဆိုသလို တွေ့ရသည်။
• အမြစ်များ၏ ရာခိုင်နှုန်းအနည်းငယ်ကိုသာ ကနဦးတွင် ကျရောက်နိုင်သော်လည်း ဤရောဂါသည် ဥ၀ါတစ်ခုမှ အခြားဥ၀ါတစ်ခုသို့ အလွန်လျှင်မြန်စွာ ရွေ့လျားနိုင်သည်။
• သီတင်းပတ်များအတွင်း သိုလှောင်ကွန်တိန်နာထဲတွင် အဖြူရောင်မှိုအစုအဝေးများနှင့် အနက်ရောင် မှိုမျှင်စုများ ဥ၀ါတစ်ခုချင်းစီတွင် ၀န်းရံလာကြသည်။
#ကာကွယ်နှိမ်နင်းခြင်း
• သိုလှောင်ထားစဉ် မကြာခဏစစ်ဆေးပါ။ အပူချိန်နိမ့်နိမ့်နှင့်လေပေးကာ ၂-၅% အရောင်ချွတ်ဆေး (ဆိုဒီယမ်ဟိုက်ပိုကလိုရိုတ်) ၁ ဆ နှင့် ရေ အဆ (၂၀) တွင် ဆေးကြောပါ။ 

ဒေါက်တာကိုကို (စိုက်ပျိုးရေး) (၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ - မတ် ၁ နေ့ထုတ် နည်းသစ်စွယ်စုံဂျာနယ် အတွဲ-၅၊ အမှတ်-၈)
 
Top