#‎ရောဂါလက္ခဏာများ‬
#ရောဂါလက္ခဏာများ
• အရွက်တစ်ရွက်တွင် ပထမဆုံးပေါ်လာသည့် ရောဂါလက္ခဏာများကို တွေ့ရပြီး မကြာခင် ချက်ချင်းညှိုးနွမ်းသွားကာ အစိမ်းရောင်မှိုင်းမှိုင်းဖြစ်သွားသည်။
• တစ်ခါတစ်ရံတွင် ပူပြင်းခြောက်သွေ့သော နေ့များတွင် အကြိမ်ကြိမ်တွေ့ရသော ညှိုးနွမ်းမှုအဖြစ် အနွယ်များတွင် ညှိုးနွမ်းသည့်လက္ခဏာများ အထက်အောက်ပျံ့နှံ့သွားသည်။
• မကြာမီ ရောဂါကျရောက်သော အနွယ်များ နှင့်အရွက်များ အညိုရောင်ပြောင်းသွားကြကာ သေသွားကြခြင်း၊ ဤဘက်တီးရီးယားသည် ရောဂါကျရောက်နေသော အနွယ်များ၏ ရေကြောမှတစ်ဆင့် ပင်မပင်စည်သို့ပြန့်နှံ့ကာ နောင်တွင် အခြားအနွယ်များကိုလည်း ပြန့်နှံ့သွားသည်။ နောက်ဆုံးတွင် အပင်တစ်ပင်လုံးတွန့်ရှုံ့ပြီး သေသွားသည်။

• ခံနိုင်ရည်များသော အချို့မျိုးစိတ်များတွင် ညှိုးနွမ်းမှုလက္ခဏာမတိုင်မီ ပုသွားသည်။
• မြေကြီးအနီးက ပင်စည်ကို ကန့်လန့်ဖြတ်ကြည့်ပြီး ညှစ်ကြည့်ပါက ရောဂါကျရေကြောတွင် အဏုကြည့် မှန်ပြောင်းဖြင့်မြင်နိုင်သော အလုံးပုံ နို့နှစ်ဖြူရောင် ဘက်တီးရီးယား စိမ့်ထွက်ရည်များကို တွေ့ရသည်။
• ဖြတ်ထားသော မျက်နှာပြင်ကို ဘလိတ်ဓါး သို့မဟုတ် လက်ချောင်းဖြင့် ခိုင်မာစွာ ညှစ်ကြည့်ပါပြီး ၁ စင်တီမီတာခန့် ဆွဲကြည့်ပါက ဘက်တီးရီးယားစိမ့်ထွက်ရည်ထွက်လာသည်။
• ဖြတ်တောက်ထားသော ပင်စည်နှစ်ခုအဆုံးပိုင်းကို အတူတကွထားပြီး ညှစ်ကြည့်ပြီးနောက် ပြန်လည် သီးခြားစီ ခွဲကြည့်ပါက တောက်ပသော ဘက်တီးရီးယားအမျှင်များကို တွေ့ရခြင်း
• ကျန်းမာသန်စွမ်းသော အပင်၏ သစ်ရည်သည် ရေရွှမ်းပြီး စီတွဲနေသည်။။ တစ်ခါတစ်ရံတွင် စမ်းသပ်မှုပြုလုပ်ပြီးနောက် ၄င်းသည် မိနစ်ပေါင်းများစွာ စောင့်ရစေသည်။။
• ဤနည်းလမ်းသည် စိုက်ခင်းအတွင်း အခြားရေကြောညှိုးနွမ်းရောဂါများနှင့် ခွဲခြားနိုင်ရန် အသုံးဝင်သည်။ သို့ရာတွင် ဤနည်းလမ်းသည် အမြဲတမ်းအလုပ်မဖြစ်ပါ။ (ဆိုလိုသည်မှာ ဘက်တီးရီးယား အစီအန်းများမရှိရင်တောင် ရောဂါကျနိုင်ပါသေးသည်)။ ဤစမ်းသပ်မှုသည် သခွားမွှေးထက် သခွားသီးများတွင် ပိုပြီးအလုပ်ဖြစ်သည်။
• အသီးများတွင်လည်း လက္ခဏာတွေ့ရနိုင်သည်။ ရေစိုနာကွက်ငယ်များသည် အသီးမျက်နှာပြင်တွင် ပေါ်လာသည်။ ဤအကွက်များသည် နောက်ဆုံးတွင် အသီးပေါ်တွင် တောက်ပသည့် ပုတ်သိုးအစက်များအဖြစ်ပြောင်းသွားသည်။

‪#‎ကာကွယ်နှိမ်နင်းခြင်း
• ပိုမိုကြီးမားသော စိုက်ပျိုးပါက ပိုးသတ်ဆေးဖြင့်ကာကွယ်နိုင်သည်။ အချို့ ကာဘာရိုင် (ဆီဗင်)၊ မာလာသီယွန်၊ ရိုတီနုန်း ပိုးသတ်ဆေးများ သို့မဟုတ် ပိုးသတ်ဆေးအရောများကို သခွားကျိုင်းများကို ကာကွယ်ရန် သုံးနိုင်သည်။
• နွေရာသီအစောပိုင်းတွင် ကျိုင်းကောင်များကို တွေ့ရပါက ၄င်းပိုးသတ်ဆေးများကို အသုံးပြုနိုင်သည်။ အပင်ပေါက်လာသည်နှင့် ကျိုင်းကောင်တစ်ကောင်သည် ဘက်တီးရီးယားကို စတင် ကူးစက်စေနိင်သဖြင့် ကာကွယ်နှိမ်နင်းမှု စောစောပြုလုပ်ခြင်းသည် အရေးအကြီးဆုံးဖြစ်သည်။
• ကာကွယ်နှိမ်နင်းမှုပြုမထားသော အပင်များတွင် ကျိုင်းမျိုးဆက် ၁-၄ ဆက်ရှိသည်။ ဤပိုးသတ်ဆေးများကို သီတင်းပတ်တိုင်း ပက်ဖျန်းရန်လိုသည်။
• အထူးသဖြင့် မြေကြီးကပေါ်ထွက်လာသော အပင်များရှိပါက (ဆိုလိုသည်မှာ ကျိုင်းကောင်များ တစ်စုတစ်စည်းတည်းရှိနေသော နေရာ) အပင်တစ်ပင်လုံးကို ပေါ့ပါးညီညာသည့် ပိုးသတ်ဆေးကို တစ်ပင်လုံးဖျန်းပါ။

#၂။ အနာဖေးရောဂါ (Cladosporium cucumerinum)
# ရောဂါလက္ခဏာများ
• မြေကြီးအထက်တွင်ရှိသော အနွယ်အစိတ်အပိုင်းအားလုံးတွင် အနာဖေးဒဏ်ရာများပေါ်လာသည်။
• ပထမဆုံးရောဂါလက္ခဏာအဖြစ် အရွက်များပေါ်တွင် ရေစိုနာ သို့မဟုတ် စိမ်းဖျော့ရောင် အစက်များပေါ်လာသည်။
• ဤအစက်များသည် မြောက်မြားစွာဖြစ်လာပြီး ရွက်ကြောများပေါ်နှင့် ရွက်ကြောများကြား ပေါ်လာခြင်း၊ ရွက်ရိုးများနှင့် ပင်စည်များပေါ်တွင်လည်း အလားတူ ရှည်မျောမျော အစက်များ ဖြစ်ပေါ်လာသည်။
• တစ်ဖြေးဖြေးနှင့် အစက်များသည် မီးခိုးရောင်မှ အဖြူရောင်ပြောင်းကာ ထောင့်ချွန်းများလာခြင်း
• အနွယ်ထိမ်အနီးရှိ ရောဂါကျရောက်ခံရသော အရွက်များ သေနေပြီး အ၀ါရောင်သန်းသော အစက်များရှိပြီး ပုသွားပြီး တွန့်ရှုံ့သွားသည်။
• ကြီးထွားမှုအဆင့်အားလုံးတွင် အသီးများရောဂါကျရောက်သော်လည်း ငယ်စဉ်တွင် ပိုမိုခံနိုင်ရည်နည်းသည်။ အသီးအစက်များသည် မီးခိုးရောင်ရှိကြပြီး အချင်းအားဖြင့် ၂ မီလီမီတာခန့်ရှိ နေလောင်ကွက်များဖြစ်သည်။
#ကာကွယ်နှိမ်နင်းခြင်း
• ပြောင်းဖူးနှင့် ၄ နှစ်တစ်ခါ သီးလှည့်စိုက်ပါ။
• ခံနိုင်ရည်ရှိသောမျိုးကို စိုက်ပျိုးပါ။
• မန်ကိုဇက်ဘ် ၀.၂% ကို ပက်ဖျန်းပါ။


ဒေါက်တာကိုကို (စိုက်ပျိုးရေး) (၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ - ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ် နည်းသစ်စွယ်စုံဂျာနယ်၊ အတွဲ -၅၊ အမှတ်-၄)

 
Top