ကမ္ဘာ့ လူဦးရေဟာ ၁၉၀၀ ပြည့်နှစ်မှာ သန်း ၁,၅၀၀ ရှိရာက ၂၀၀၀ ပြည့်နှစ်မှာ သန်း ၆,၀၀၀ ထိ ရောက်လာတယ်။ ရာစု တစ်ခု အတွင်းမှာ လေးဆ တက်လာတာ ဖြစ်ပါ တယ်။ နောင်လာမယ့် ကာလမှာလည်း ဒီနှုန်းထက် မနည်း တိုးပွား လာဦးမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်း ထားကြပါတယ်။ အဲဒီလို တိုးလာမယ့် လူဦးရေ အတွက် ရိက္ခာဖူလုံဖို့၊ အထွက် ကောင်းမျိုးတွေ၊ မြေသြဇာနဲ့ ပိုးသတ်ဆေး တွေသုံးပြီး သီးနှံအ ထွက်တိုးအောင် ဆောင်ရွက် လာကြပါတယ်။ စိုက်ဧရိယာ တွေကိုလည်း တိုးချဲ့ဖော်ထုတ် စိုက်ပျိုး လာကြ ပါတယ်။

ဖွံ့ဖြိုးပြီး နိုင်ငံတွေ မှာတော့ စိုက်ဧရိယာ တိုးချဲ့တာထက် အထွက်နှုန်း တိုးရေးကို ဦးစားပေးဆောင်ရွက် ကြပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံအများစု မှာတော့ မြေသြဇာ များများမသုံးနိုင်သေးတဲ့ တောင်သူ အများစုက မြေ ဧရိယာတိုးချဲ့တာကို ပိုပြီး ဆောင်ရွက်ကြ ပါတယ်။သစ်တော မြေတွေထဲ ထိအောင် တောင်ယာခုတ် ဆောင်ရွက်တဲ့ စနစ်ကြောင့် သစ်တော ပြုန်းတီးမှုတွေ ဖြစ်ပါတယ်။ စိုက်ပျိုးမြေတိုးချဲ့တာ အပြင် အခြား လုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ကမ္ဘာ့ သစ်တော ဧရိ ယာရဲ့ ၃၀ က ၄၀ ရာခိုင်နှုန်းဟာ နေရာ ဒေသ အလိုက်လျော့နည်းနေတယ်လို့ လေ့လာ သူများက ပြောပါတယ်။

မြေသြဇာ ထဲမှာ နိုက်ထရိုဂျင် မြေသြဇာကို အဓိက သုံးစွဲကြပါတယ်။ ၂၀၀၂ ခုနှစ် စာရင်းအရ ကမ္ဘာမှာ နိုက်ထရိုဂျင် သုံးစွဲမှု ဟာ တန်ချိန် ၈၄ ဒသမ ၇ သန်းထိ ရှိလာ ပါတယ်။ ( FAO ၂၀၀၅) သုံးစွဲခဲ့တဲ့ တန်ချိန်ရဲ့ ၄၇ ရာခိုင်နှုန်း ဖြစ်တဲ့ တန်ချိန် ၃၉ ဒသမ ၈ သန်းလောက်ဟာ ပတ်ဝန်းကျင်ရေထု၊ လေထုထဲကို ရောက်ရှိဆုံးရှုံးခဲ့တယ်လို့ စိုက်ပျိုးရေး ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ရ ပါတယ်။ (Ray, Misra and Montanez, 2002). နိုက်ထရိုဂျင် မြေသြဇာအပြင် ဖော့စ် ဖိတ်နဲ့ အခြား အာဟာရ အချိုလည်း အကြောင်း အမျိုးမျိုးကြောင့် လေတု၊ ရေထုထဲကို ရောက်ရှိစုစည်းလာပြီး သတ္တုဒြပ်စင်အ ချို့ဟာလည်း မြေသြဇာထဲအထိ ပါလာရာက မြေသြဇာသုံးတဲ့ သီးနှံနဲ့ ပတ်ဝန်းကျင် မှာ ပါဝင်စုစည်းလာတာတွေ့ရပါတယ်။

နိုက်ထရိုဂျင်နဲ့ ဖော့စ်ဖိတ် အပါအ၀င် အခြား အာဟာရ တချိုဟာ သီးနှံနဲ့ သီးနှံ စိုက်ပျိုးတဲ့ ရေမြေ၀န်းကျင်မှာ စုစည်းမှုများ လာတာ ကြောင့် ဆိုးကျိုးသက်ရောက်မှုတွေဖြစ် လာပါတယ်။ 
(က) မြေအောက်ရေမှာ နိုက်ထရိတ်၊ ဆာလ်ဖိတ်နဲ့ ကလိုရိုက်စတာတွေ စုစည်း လာတယ်။ နိုက်ထရိတ်ပါတဲ့ သောက်သုံး ရေနဲ့ အစားအစာ စားသုံးမှုပမာဏများလာ တဲ့အခါ စားသုံးသူရဲ့ ခန္ဓာကိုယ်အတွင်း အောက်စီဂျင်ရရှိနိုင်မှုနဲ့ လှည့်ပတ်နိုင်မှု လျော့နည်းသွားတဲ့အတွက် ခြေဖျား၊ လက်ဖျားတွေ ပြာနှမ်းလာတာတွေ၊ အသက်ရှူ ကြပ်လာတာတွေ၊ မောပန်းနွမ်းနယ်တာ တွေအပြင် အဆုတ်နဲ့ပတ်သက်တဲ့ ဝေဒနာတွေရစေပါတယ်။
(ခ) Cadmium ဓာတ်ပါလာတဲ့ရေနဲ့အစားအစာကြောင့် စားသုံးသူတွေမှာ ကျောက်ကပ်နဲ့ပတ်သက်တဲ့ Itai-Itai ရောဂါ ရစေတယ်။
(ဂ) ဖော့စ် ဖိတ်မြေသြဇာကို ကျွဲ၊ နွား၊ စားကျက်မြေမှာသုံးရင်းနဲ့ ဖော့စ်ဖိတ်မှာတွဲ ပါလာတဲ့ Fluoride ကို ကျွဲ၊ နွား၊ တိရစ္ဆာန် တွေကစားမိပါတယ်။ ဖလိုရိုက်စားသုံးမှု ပမာဏများလာတဲ့အခါ (> 8 ppm) သွားတွေ ပျက်စီးပါတယ်။ ခြေလက်လှုပ်ရှားမှုတွေ နှေးကွေးသွားပါတယ်။  (ဃ) ချောင်း၊ မြောင်းနဲ့ အင်းအိုင်တွေ ထဲကို နိုက်ထရိုဂျင်၊ ဖော့စ်ဖိတ်အာဟာရ တွေဟာ ရေလေတိုက်စားမှုနဲ့ မြေအောက်ရေ ကတစ်ဆင့် ရောက်ရှိလာပြီး များပြားလာ တာကြောင့် ရေနေသတ္တ၀ါတွေရဲ့ရှင်သန်မှု ကို ထိခိုက်လာပါတယ်။  (င) လေထုထဲကို စိုက်ပျိုးရေးလုပ်ငန်း က ထုတ်လွှတ်လိုက်တဲ့ နိုက်ထရပ်အောက် ဆိုက်တွေ စုစည်းမိပြီး ဖန်လုံအိမ်သက် ရောက်မှုမှာ ဆက်စပ်ပါလာတယ်။  (စ) လေထုထဲရောက်လာတဲ့ နိုက်ထ ရပ်အောက်ဆိုက်နဲ့ အခြားစက်ရုံတွေက ထုတ်လွင့်တဲ့ကာဗွန်၊ ကန့် စတာတွေဟာ မိုးရေ၊ ဆီးနှင်းတွေနဲ့ ပေါင်းစပ်ပြီး အက်စစ် မိုးရွာပါတယ်။ အပင်နှင့် အခြားသက်ရှိများ ရှင်သန်မှုကို ထိခိုက်စေပါတယ်။ အက်စစ်မိုးက မြေဆီလွှာထဲက သတ္တုဒြပ်စင်တွေပျော် ၀င်စေပြီး မြေအောက် ရေနဲ့ချောင်း၊ မြောင်း အင်းအိုင်တွေဆီ ရောက်စေတယ်။ ထုံးနဲ့ ဆောက်ထားတဲ့ အဆောက်ဦးတွေကို ပျက်စီး စေတယ်။ ဒီဆုံးရှုံး မှုတွေဟာ ရိက္ခာဖူလုံဖို့ သုံးစွဲတဲ့ မြေသြဇာကို စနစ်တကျမသုံးကြတာကြောင့် ဖြစ်ရပါတယ်။ ဒါတွေလျော့နည်းဖို့ ဆုံးရှုံးမှုဖြစ်စဉ်ကို လေ့လာသုံးသပ်ပြီး ဆောင်ရွက်ရမယ့် နည်းလမ်းတွေဖော်ထုတ် ရမှာဖြစ်ပါတယ်။  နိုက်ထရိုဂျင်ကို အပင်ကနိုက်ထရိတ် နဲ့ အမိုနီယံပုံစံများနဲ့ ရယူနိုင်ပါတယ်။

မြေဆီလွှာကတော့ နိုက်ထရိတ်ကို ထိန်းနိုင်အား အလွန်နည်းပါတယ်။ အမိုနီယံကို ထည့်တဲ့အခါမှာ မြေဆီလွှာမှာရှိတဲ့ ဘက်တီးရီးယား က လေ၀င်၊ လေထွက်ကောင်းတဲ့ အခြေ အနေမှာ အမိုနီယံကို နိုက်ထရိတ်ပြောင်းလဲပစ်တယ်။ ဒီအချိန်မှာ နိုက်ထရိုဂျင် နည်းနည်းလိုတဲ့ အမြစ်နက်နက်နဲ့ ဖြာထွက်မှု မရှိတဲ့ သီးနှံဖြစ်ရင် ထည်လိုက်တဲ့ နိုက်ထရိုဂျင်ကိုအပင်က အားလုံးမယူနိုင်တာရယ်၊  မြေဆီလွှာကလည်း နိုက်ထရိတ်ကို မထိန်း နိုင်တာရယ်ကြောင့် နိုက်ထရိတ်ဟာ မြေတွင်းရေနဲ့အတူ မြေအောက်ရေထိ စိမ့်ဆင်း ပြီး မြေအောက်ရေကတစ်ဆင့် မြစ်ချောင်း တွေထိ ရောက်ရှိသွားပါတယ်။ အဲဒီ ရေတွေမှာ နိုက်ထရိတ် တွေစုလာ ပါတယ်။ ကမ္ဘာ့ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ဟာ မြစ်ချောင်းတွေနားမှာ မှီတင်းနေထိုင်ကြပြီး  အားလုံးက ရေသန့်မသုံးနိုင်ကြပါဘူး။ ဒီတော့ အများစုက နိုက်ထရိတ်ပါတဲ့ ရေနဲ့  အစားအစာစားသုံးကြရတယ်။ ကြာလာတော့ Methaemoglobimaemia   ရောဂါ ခံစားကြရပါတယ်။ မိုးများတဲ့ဒေသ၊ သဲဆန်တဲ့မြေ၊ ရေ သွင်းရာမှာ လွန်ကဲအောင်ပေးသွင်းတာ တွေ၊ ရေလှောင်စိုက်တဲ့စပါးတွေ၊ ရေ၀ပ်မြေတွေနဲ့ သီးနှံလိုအပ်ချက်ထက် နိုက်ထရိုဂျင်  ပိုထည့်တာတွေ၊ တစ်ကြိမ်တည်းနဲ့ များများ ထည့်မိတဲ့ အခြေအနေတွေက နိုက်ထရိတ် စိမ့်ဆင်းဆုံးရှုံးခြင်းကို ဖြစ်စေပါတယ်။ ဥရောပEU နိုင်ငံတွေမှာ သီးနှံစုစု ပေါင်းစိုက်ဧရိယာရဲ့ ၂၂ ရာခိုင်နှုန်းက ရေသွင်း စိုက်တာဖြစ်ပြီး အဲဒီဧရိယာက မြေ အောက်ရေကိုစစ်ဆေးကြည့်ရာမှာ EU ရဲ့အမြင့်ဆုံး နိုက်ထရိတ်ပါဝင်မှု သတ်မှတ် ချက် ၂၀ မီလီဂရမ်/လီတာထက် ပိုနေတာ တွေ့ရတယ်။ အလားတူ အခြေအနေကို အမေရိကန် နိုင်ငံရဲ့ နေရာဒေသ တော်တော် များများ မှာလည်း တွေ့ကြ ရပါတယ်။  နိုက်ထရိတ် စိမ့်ဆင်း သွားရာမှာ နိုက်ထရိတ်နဲ့ တွဲနေတဲ့ ထုံး၊ မက်ဂနီစီယံ စတာတွေလည်း ပါသွားတာကြောင့် မြေရဲ့ချဉ်ငန် ကိန်းပါ ပြောင်းလဲသွားတယ်။ ငန်တဲ့အခြေ အနေကနေ အချဉ်ဘက်ယိုင်သည်အထိ ဖြစ်တတ်ပါတယ်။ မြေချဉ်ငန်ကိန်းပြောင်းလဲမှု ဟာ အပင်အာဟာရရှိနိုင်မှုကို ပြောင်းလဲစေ နိုင်ပါတယ်။  သီးနှံစိုက်တဲ့အခါ ပုလဲမြေသြဇာ ယူရီးယားကို မြေမှာကြဲပက်သုံးစွဲတာများပြီး ထယ်ရေးနှင့် နှံ့စပ်အောင် ပြန်ဖုံးပေးတဲ့ အလေ့အထ တော်တော်နည်းပါတယ်။ ကြဲပက်တဲ့မြေသြဇာဟာ အမိုနီယံအဖြစ် အငွေ့ပျံဆုံးရှုံးပါတယ်။ အဲဒီလိုဆုံးရှုံးမှုဟာ မြေချဉ်ငန်ကိန်း (၇) ထက် မြင့်တဲ့မြေ၊ ထုံးပါဝင် မှုများတဲ့မြေ၊ သဲဆန်မြေတွေ၊ ပူပြင်းခြောက် သွေ့ရာသီ၊ လေတိုက်နှုန်းများတဲ့ အခြေ အနေတွေမှာဖြစ်ဖို့ ပိုများပါတယ်။ ကနေဒါနိုင်ငံ သုတေသနဌာန တစ်ခုမှာ တွေ့ရှိချက် ကတော့ နိုက်ထရိုဂျင် ကြဲပက်ပြီး နှစ်ရက်အတွင်း မြေဖုံးပေးတာတောင် ဆုံးရှုံးမှုက ၁၅ မှ ၂၅ ရာခိုင်နှုန်းရှိပါသတဲ့။

သုံးရက် အတွင်း ဖုံးမိရင် ၂၅ မှ ၃၀ ရာခိုင် နှုန်းအထိရှိပြီး သုံးရက် ထက်ကျော်သွားရင် တော့ ၄၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးမှုရှိလာပါတယ်။ နိုက်ထရိုဂျင်ကို အမြစ်ဝန်းကျင်မှာ ထိုးထည့်တာလုပ်ရင်တော့ ဆုံးရှုံးမှု အနည်းဆုံးပါ။ နှစ်ရာခိုင်နှုန်းဘဲ ရှိပါတယ်။  အပင်နဲ့မြေဆီလွှာကနေ အမိုးနီးယား အငွေ့ပျံဆုံးရှုံးမှုဟာ ကမ္ဘာမှာ နှစ်စဉ်တန် ချိန် ၂၁ သန်းခန့်ရှိပါတယ်။ (smul 1999) အဲဒီထဲမှာ ဓာတ်မြေသြဇာ သုံးစွဲမှုက တန်ချိန် ၁၁ သန်း၊ တိရစ္ဆာန် အညစ်အကြေး၊ ချေး၊ သေးတွေသုံးရာက ဆုံးရှုံးတာက တန်ချိန်  ရှစ်သန်းပါပါတယ်။  သီးနှံအလိုက်ဆိုရင် လယ်စပါးသုံးတဲ့ နိုက်ထရိုဂျင်က အငွေ့ပျံဆုံးရှုံးတာ တစ်ခု တည်းက တန်ချိန် ၂ ဒသမ ၄ သန်းရှိကြောင်း၊ မြက်ခင်း တွေမှာသုံးတဲ့ နိုက်ထရို ဂျင်မြေသြဇာက တန်ချိန် ၄ ဒသမ ၃ သန်း  ရှိပြီး အဲဒီထဲက ဆုံးရှုံးမှုတို့ပြန်စီစစ်ရာမှာ တိုးတက်ဆဲနိုင်ငံတွေမှာ ၁၃ ရာခိုင်နှုန်းရှိပြီး တိုးတက်ပြီးနိုင်ငံတွေမှာ ၆ ရာခိုင်နှုန်းရှိပါ တယ်။ ဒေသအလိုက် အများဆုံး ဆုံးရှုံးမှုကို မွေးမြူရေးအကြီးအကျယ်လုပ်တဲ့ ဥရောပ နိုင်ငံတွေ၊ ပုလဲ မြေသြဇာအသုံးများတဲ့ အိန္ဒိယနိုင်ငံနဲ့ အမိုနီယံ ကာဘိုနိတ် အဓိက သုံးတဲ့ တရုတ်နိုင်ငံတွေမှာ တွေ့ရပါ တယ်။

သီးနှံအထွက်တိုးဖို့ထည့်တဲ့ အမိုနီယံ  နိုက်ထရိုဂျင်ကို မြေဆီလွှာအတွင်း လေ၀င် လေထွက်ကောင်းတဲ့ အခြေအနေမှာ ဘက်တီးရီးယားက နိုက်ထရိတ် ပြောင်းသွားစေ ပါတယ်။ အဲဒီနိုက်ထရိတ်ဟာ လေမဲ့အလွှာ ကို ရောက်သွားတဲ့အအခါ လေမဲ့အလွှာရှိ ဘက်တီး ရီးယားက နိုက်ထရပ်အောက် ဆိုက်ဓာတ်ငွေ့ဖြစ်အောင် ပြောင်းသွားစေ ပါတယ်။ ဒီဖြစ်စဉ်ကို Denitrification လို့ဆိုပါတယ်။
အဲဒီဖြစ်စဉ်ဟာ ရေသွင်းစိုက်၊ ရေ၀ပ်လယ်မြေတွေ၊ အော်ဂဲနစ်ဓာတ်များတဲ့ မြေ (> ၅ ရာခိုင်နှုန်း) မြေချဉ်ငံကိန်း၊ (၇) ထက်မြင့်တဲ့မြေတွေမှာ အဖြစ်များပါတယ်။ အပူချိန် ၂၀ ဒီဂရီ စင်တီဂရိတ်ထက်ပိုခြင်းက အခုလိုဆုံးရှုံးတာကို အားပေးပါတယ်။ လယ်မြေတွေမှာ ကြဲပက်ထည့်တာက အခြေအနေကို ပိုဆိုးစေပါတယ်။

Denitrification ဖြစ်စဉ်ကြောင့် လေထု ထဲကိုရောက်လာတဲ့ နိုက်ထရပ်အောက် ဆိုက်ဓာတ်ငွေ့ပမာဏဟာ နှစ်စဉ်တန် ၃ ဒသမ ၅ သန်းလောက် ရှိပါတယ်။ အဲဒီ ဓာတ်ငွေ့စုစည်းမှုဟာ ဖန်လုံအိမ်သက် ရောက်မှုမှာ ၅ မှ ၆ ရာခိုင်နှုန်း ပါဝင်  ဆက်စပ်နေတယ်လို့ သိရပါတယ်။ အက်စစ်မိုးဆိုတာကတော့ အချဉ် ဓာတ်များတဲ့ မိုးရွာသွန်းခြင်း ဖြစ်ပါတယ်။ မိုးရေရဲ့ ချဉ်ငန်ကိန်း စံ (ပီအိပ်ခ်ျ) က (၅) ရဲ့အောက်ထိ ရောက်ပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းကထုတ်လွှင့်တဲ့ နိုက်ထရပ်အော်က ဆိုက်ဓာတ်ငွေ့တွေနဲ့ စက်ရုံ၊ အလုပ်ရုံတွေက ထုတ်လွှင့်တဲ့ ကာဗွန်၊ ဆာလ်ဖာ စတာတွေဟာ လေထုထဲမှာရှိတဲ့ မိုးရေ၊ ဆီးနှင်း တွေနဲ့ပေါင်းပြီး အက်စစ် မိုးရွာတာ ဖြစ်ပါတယ်။
အက်စစ်မိုးက အင်း၊ အိုင်၊ ချောင်း၊ မြောင်းတွေမှာ မှီတင်းနေထိုင်တဲ့ သက်ရှိ တွေရဲ့ ရှင်သန်မှုကို ထိခိုက်စေပါတယ်။ နိုက်ထရိုဂျင်ကို စနစ်တကျ မသုံးစွဲ တာ၊ သီးနှံလိုအပ်ချက်ထက် လွန်ကဲစွာ သုံးစွဲ မိတာကြောင့် မြေဆီလွှာက ကောင်းစွာ မထိန်းနိုင်တဲ့ နိုက်ထရိတ်တွေဟာ ချောင်း၊ မြောင်း၊ အင်း၊ အိုင်ထဲအထိ ရောက်သွား တယ်။

မြေအပေါ်ယံမှာသာ ကြဲပက်တဲ့ နိုက်ထရိုဂျင်နဲ့ ဖော့စ်ဖိတ် အာဟာရ တွေဟာ မြေဆီလွှာ ရေတိုက်စား မှုကြောင့် ရေစီးကတစ် ဆင့်၊ ချောင်း၊ မြောင်း၊ အင်း၊ အိုင်ထဲ ရောက်သွားတယ်။ စုစည်းမိတဲ့ ပမာဏများလာရင် အင်း၊ အိုင်တွေထဲမှာ ရေညှိရေမှော် pH ပေါက်ရောက်မှုမှာ ထူးကဲစွာ များပြားလာ လို့ အခြားရေနေ သတ္တ၀ါတွေရဲ့ ရှင်သန်မှု ကို ထိခိုက်စေတယ်။  ဓာတ်မြေသြဇာထုတ်လုပ်ရာမှာ သုံးတဲ့ ကုန်ကြမ်းတွေမှာ သတ္တုဒြပ်စင်ဖြစ်တဲ့ ယူရေနီယမ်၊ ကက်မီယမ်၊ ခဲဓာတ်၊ ဖလူ အိုရိုက် စတာတွေ ပါပါတယ်။  အဲဒါတွေဟာ မြေသြဇာအထိ ပါလာတတ်ပါတယ်။  ကက်မီယမ်ပါတဲ့ မြေသြဇာကို အပင်က စုပ်ယူ သွားပါတယ်။ စားသုံးမိသူရဲ့ ကျောက်ကပ် အထိရောက်ရှိသွားပြီး ကျန်းမာရေးထိခိုက် စေပါတယ်။ စားကျက်မြေမှာသုံးတဲ့ ဖော့စဖိတ်မြေ သြဇာမှာ ဖလူအိုရင်းဟာ ၃ ရာခိုင်နှုန်း ထက် ပိုလာပါတယ်။ အဲဒီမြေသြဇာကို ကျွဲ၊ နွား၊ သိုး၊ ဆိတ်တွေက လျှာနဲ့ ရက်မိတာ၊ စားသုံးရာမှာ မြေကြီးပါ ပါသွားရာက တစ်ဆင့် ပမာဏများသွားတဲ့အခါမှာ သွားတွေ ပျက်စီးပါတယ်။

ခြေလက် လှုပ်ရှားမှုတွေ နှေးကွေး သွားပါတယ်။  အာဟာရဓာတ်များ အထူးသဖြင့်  နိုက်ထရိုဂျင် ဆုံးရှုံးမှုကြောင့် လူနဲ့ ပတ်ဝန်းကျင်ဆိုးကျိုးမဖြစ်ဖို့ အောက်မှာ ဖော်ပြ ထားတဲ့ နည်းလမ်းတွေ  ကျင့်သုံးဖို့လို ပါတယ်။ (၁) သီးနှံ အမျိုးအစား အလိုက် ဦးစားပေးအာဟာရ တွေရှိတယ်။ စပါးလိုသီးနှံ တွေက နိုက်ထရိုဂျင်ပိုကြိုက်တယ်။ ဥစား သီးနှံတွေက ပိုတက်ဆီယံကို ကြိုက်တယ်။ ပဲတွေအတွက် ထုံးဓာတ်က အရေးပါတယ်။ ဒါ့ကြောင့် စိုက်မယ့်သီးနှံနဲ့ လိုချင်တဲ့အ တွက် မှန်းဆပြီး မြေသြဇာကို ချိန်ဆထည့် ရမယ်။ (၂) နိုက်ထရိုဂျင်အများကြီးလိုတာ တောင် အလေအလွင့်နည်းဖို့အတွက် တစ်ကြိမ်ကို တစ်ဧက ၂၅-၄၀ ပေါင်ထက် ပို မထည့်ပါနဲ့။ သီးနှံဖြစ်ထွန်းတဲ့ အဆင့်အ လိုက် အကြိမ်ခွဲထည့်ဖို့ လိုပါတယ်။ သက်တမ်းရှည်လေ အကြိမ်ပိုခွဲရလေ။ မြေကသဲ ဆန်လေ အလီလီ
ခွဲထည့်ရလေပါဘဲ။  (၃) လယ်မြေဘဲ စိုက်စိုက်၊ ယာမြေဘဲ  စိုက်စိုက် မြေသြဇာထည့်ချိန်မှာ အစိုဓာတ် ရှိပါစေ။ (၄) သွင်းရေရရှိပါက တစ်ကြိမ်မှာ သွင်းရမယ့် ရေပမာဏ မလွန်ကဲစေရပါ။ (၅) မြေသြဇာထည့်ရာမှာ သီးနှံအ  လိုက်ထည့်ရမယ့် မြေသြဇာတစ်ဝက် လောက်ကို စိုက်ထယ်ရေးမှာထည့်ပါ။ ကျန်တစ်ဝက်ကို အကြိမ်ကြိမ်ခွဲထည့်ပါ။ ယာမြေမှာ ကြဲပက်ပါက မြေပြန်ဖုံးပေးပါ။  (၆) လယ်မြေတွင် ကြဲပက်ပါက အလုံး၊ အရွယ်ကြီးသော နိုက်ထရိုဂျင်၊ ကန့် ဓာတ် ဖုံးအုပ်ထားတဲ့ ပုလဲမြေသြဇာ ကိုသုံးပါ။ နိုက်ထရိတ် မြေသြဇာကို ရှောင်ရှားပါ။  (၇) နိုက်ထရိုဂျင်မြေသြဇာနဲ့ သဘာဝ မြေသြဇာကို တွဲသုံးပါ။  (၈) မြေချဉ်လွန်းက ထုံးထည့် ပေးပါ။ (၉) မြေငန်လွန်းလျင် ထုံးထည့်တာ များသွားရင် မြေကို ဂျစ်ပဆန်သုံးပြီး ပြန်ပြင်ပါ။  (၁၀) ရွှေ့ပြောင်းတောင်ယာစနစ် လျော့နည်းအောင် ဆောင်ရွက်ပါ။  (၁၁) မြေဆီလွှာ ရေလေတိုက်စားမှု နည်းစေမယ့်နည်းတွေ ကျင့်သုံးပါ။ (၁၂) မြေသြဇာထဲမှာ ကက်မီယမ်နဲ့ ခဲဓာတ်အပြင် ဖလိုရိုက်ကို သတ္တုဓာတ်တွေ ပါ၊ မပါ စစ်ဆေးမှု မကြာခဏလုပ်ပေး ပါ။

ဒါတွေကို ဒေသအလိုက် လုပ်နိုင်တာ တွေ လုပ်ကြမယ်ဆိုရင်တော့ မြေသြဇာ ကြောင့် လူနဲ့ပတ်ဝန်းကျင်ကို သက်ရောက် စေတဲ့ ဆိုးကျိုးတွေ လျော့နည်းသွားပါ လိမ့်မယ်။ မြေသြဇာအသုံးပြုက လေလွင့်မှုနည်းပြီး ရိက္ခာထုတ်လုပ်မှုလည်း တိုးတက်ထွက် ရှိမှုကို အထောက်အကူပြုနိုင်ကြောင်း ရေးသားလိုက်ရပါတယ်။
ရည်ညွှန်း။   ။ Fertillizer and Plant nutrition FAO bulletion 16

- ဦးကျော်စိုး (Soil Scientist) မြန်မာတောင်သူကြီးများ ဂျာနယ်
 
Top