စပျစ်နွယ်
ကြက်ဟင်းဂလာနွယ်
Merremia vitifolia (Burm.f.) Hall.f,
Convolvulus vitifolius Burm.f.,
Family : Convolvulaceae
Grape-leaf Wood Rose 


                မြန်မာအမည် စပျစ်နွယ်ဆိုသော်လည်း စပျစ်မျိုးရင်း Vitaceae ထဲကမဟုတ်ပါ၊ ကန်ဇွန်းမျိုးရင်း Convolvulaceae ထဲကပါ၊ အရွက်တွေပုံစံက တကယ့် စပျစ်စ်အရွက်နဲ့တူလို့ လွယ်လွယ်ခေါ်လိုက်သောအမည်တခုပါ၊ မုံရွာတက္ကသိုလ် campus ပထဝီဌာန နဲ့ English ဌာနနောက်ဖက်မှာ အပင်တွေပွားလိုက်တာ အခင်းလိုက်ကြီးဖြစ်လို့နေပါဘီ၊ မနက် ၈ ၉ နာရီလောက်ကနေပွင့်လိုက်တဲ့ပန်းလေးတွေက ညနေ ၅ နာရီဆို မောပန်းပြီး ညှိုးသွားလေ့ရှိကြပါတယ်၊ ကန်ဇွန်းပင်အများစုက Ipomoea genus ထဲမှာပါကြပြီး အဖြူရောင် ခရမ်းရောင် အနီရောင် အပြာရောင် ပန်းရောင်ရှိတတ်ကြတယ်၊ အဝါရောင်ကတော့ တွေ့ရခဲပါတယ်၊ 
              ထူးထူးခြားခြား Merremia genus တွေရဲ့ ပန်းက အဝါရောင်များဖြစ်လို့နေပါတယ်၊ "အဝါရောင်ကန်ဇွန်းပန်း" ဆိုရင်လည်း သတ်မှတ်လို့ရနိုင်မှာပါ။ စပျစ်နွယ်လေးတွေက December ကနေ March အထိပွင့်တတ်ကြတယ်၊ တောတောင်တွေမှာအလေ့ကျပေါက်ကြတယ် အပူပိုင်းသာမက အေးသမ ပိုင်းမှာလည်းပေါက်နိုင်ကြတယ်၊ မြက်ခင်းပြင် ခြံစည်းရိုး ကမ်းဘေးတွေကိုအရမ်းကြိုက်ပါတယ်၊ ကလေးတက္ကသိုလ် ထဲက ကျွန်းတော အင်တောထဲမှာ ပေါများစွာတွေ့ခဲ့ရတယ်၊ ပုံတောင်ပုံညာ မန္တလေး မကွေး စစ်ကိုင်းတိုင်း တဝိုက် သူ့ကိုတွေ့ကြရမှာပါ၊ ဖိုးဝင်တောင်ပေါ်မှာ ဒီအပင်တွေ မင်းမူလို့နေပါတယ်၊ နွယ်တက်တတ်သလို မြေပြင်ပေါ်ဖြာသွားတတ်သော ပင်ပြော့ လေးပါ၊ ပင်စည်တွေကရင့်မှဲ့လာရင် ပန်းရောင် နီညိုရောင်ပြောင်းတတ်ပါတယ်၊ အရွက်မှာ လက်ဝါးပုံဖြစ်ပြီး အဝိုက် ၅ခုကနေ ၇ခုအထိပါလို့နေတယ် ၊ 
            အမွှေးများက ထင်ရှားလှတယ်၊ ပွင်ဖူးတွေက ကျဉ်းမြောင်းသော ဘဲဥပုံဖြစ်ပြီး ထိပ်ဖြားချွန်သွယ်လှတယ်၊ corolla ကတော့ funnel shapedဖြစ်တယ် အမွေးကင်းမဲ့ပြီး bright yellow အရောင်ပါ၊ Anthers တွေက spirally twisted ဖြစ်လို့နေတတ်တယ်၊ ဖြစ်ထွန်းမှုမြန်ဆန်ပြီး အကြမ်းခံတတ်တာမို့ ခဏတာအတွင်း ကြီးမားသောခြုံပင်ကြီးတွေဖြစ်လို့လာပါတယ်၊ သွေ့ခြောက်သော ကုန်းမြေကို စိမ်းစိုလှပစေပါတယ်၊ အပင်လေးတွေရှိနေတော့ လိပ်ပြာ ငှက်ကလေးတွေနဲ့ သာယာလှပစေပါတယိ၊ အလှပသာမက စပျစ်နွယ်လေးတွေက တိုင်းရင်းဆေးဖက်လည်းဝင်ပါသေးတယ် ဆီးအိပ်မှာဖြစ်သော ရောဂါ bladder infections နဲ့ stomach aches အစာအိမ်ရောဂါတွေကိုကုသရာမှာ ဒီအပင်ကို သုးံကြရပါတယ်၊

 နေ့စဉ်မြင်ပေမဲ့ သတိမမူကြသော အပင်လေးလည်းဖြစ်ပါတယ်၊ ချစ်စဖွယ် စပျစ်နွယ်လေးအကြောင်းကို ရေးမိရင်း......
Ref: e flora .org. flora of China 
Checklist of Myanmar


 
Top