#၁။ ယင်ဖြူ (Bemisia tabaci)
‪#‎ဖျက်ဆီးပုံလက္ခဏာများ‬
• အကောင်ငယ်များနှင့် အကောင်ကြီးများတို့သည် အရွက်၏ အောက်ဖက်မျက်နှာပြင်မှ သစ်ရည်များကို စုတ်ယူသည်။
• အရွက်များကို ၀ါစေသည်။
#‎ဖျက်ပိုး‬၏၀ိသေသလက္ခဏာ
• ဥ - သစ်တော်သီးပုံစံရှိပြီး ၀ါနုရောင်ရှိသည်။
• အကောင်ငယ် - ဘဲဥပုံရှိပြီး အကြေးပိုးနှင့်တူကာ ဖြူစိမ်းရောင်ရှိသည်။ အရွက်များ၏ အရည်ရွှမ်းသော အပိုင်းတွင် အခြေချနေကြသည်။
• အကောင်ကြီး - အဖြူရောင်ရှိပြီး သေးငယ်ကာ အကြေးပိုးနှင့်တူသည်။
‪#‎ကာကွယ်နှိမ်နင်းခြင်း‬
• စိုက်ခင်းကိုသန့်ရှင်းရေးလုပ်ပါ။
• လက်ခံပင်များကို ဖယ်ရှားပါ။
• ကော်ကပ်ထားသော အ၀ါရောင် ထောင်ချောက်များကိုသုံးပါ။
• ဆိုးဝါးစွာ ကျရောက်စဉ် အင်မီဒါကလိုပရစ်ဒ် ၂၀၀ အက်စ်အယ်လ်ကို ၀.၀၁% ဖြင့်လည်းကောင်း၊ ထရိုင်ယာဇိုဖော့စ် ၄၀ အီးစီကို ၀.၀၆% ဖြင့်လည်းကောင်း ပက်ဖျန်းပါ။
• တမာဆီ ၃% သို့မဟုတ် တမာစေ့ခွံစစ်ကျရည် ၅% ကို ပက်ဖျန်းပါ။

#၂။ သီးထိုးယင် (Bactrocera (Dacus) dorsalis)
#ဖျက်ဆီးပုံလက္ခဏာများ
• လောက်ကောင်များသည် ပုပ်သိုးသော အစက်များပါရှိသည့် မမှည့်တမှည့် အသီးများအတွင်းသို့ ထိုးဖောက်ဝင်ရောက်သည်။
• အသီးများပေါ်တွင် အရည်ဖြူများထွက်လာပြီး အညိုပုတ်ရောင် အကွက်များ ပေါ်လာသည်။
• အသီးများကြွေကျသွားသည်။
#ဖျက်ပိုး၏၀ိသေသလက္ခဏာ
• လောက်ကောင် - အ၀ါရောင်သန်းသောအရောင်ရှိသည့် ခြေထောက်မပါပါ။
• အရွယ်ရောက်ကောင် - ထွင်းဖောက်မြင်နိုင်သော တောင်ပံများပါရှိကာ ညိုနုရောင်ရှိသော ဖလံဖြစ်သည်။
#ကာကွယ်နှိမ်နင်းခြင်း
• ကြွေကျသော ဖျက်ဆီးခံရသည့် အသီးများကို စုယူပြီး ကျင်းတစ်ခုတွင် ထည့်ကာ မြေကြီးနှင့် ဖုံးပါ။
• ရုပ်ဖုံးများကို နေပြရန် နွေထယ်ရေးထိုးပါ။
• မီသိုင်းယူဂီနောဆွဲငင်ထောက်ချောက်ဖြင့် ယင်ကောင်၏ လှုပ်ရှားမှုကို စုံစမ်းပါ။
• ဆေးမှုန့်များကို အကြီးအကျယ်သုံးပြီး ဆေးဂန္ဓမာ သို့မဟုတ် ဘီအိပ်ခ်ျစီကို ပက်ဖျန်းပါ။
• ရေတစ်လီတာလျှင်ဖီနိုက်ထရိုသီယွန် ၁၀၀ အီးစီ (၂) မီလီလီတာနှုန်း (သို့မဟုတ်) မာလာသီယွန် ၅၀ အီးစီ (၂) မီလီလီတာနှုန်း ရောစပ်ပက်ဖျန်းပါ။
‪#‎မှတ်ချက်‬
• မာလာသီယွန် ၀.၁% ဖြင့် ရောနှောထားသော မီသိုင်းယူဂီနော ၁% ဖျော်ရည် အဆိပ်ခဲကို ပြင်ဆင်ထားပါ။
• ဤအရောမှ (၁၀) မီလီလီတာကို ထောင်ချောက်တစ်ခုစီတွင်ထည့်ကာ မနက် (၆) နာရီနှင့် (၈) နာရီ အတွင်း တစ်ဧကလျှင် ထောင်ချောက် (၁၀) ခုထားပါ။
• ပုလင်း၏လည်ဝတွင် တွဲလောင်းချိတ်ဆွဲထားနိုင်သော ကိရိယာနှင့် ကိုက်ညီသော (၂၅၀) မီလီလီတာဆန့် အ၀ကျယ် ပုလင်းကို အသုံးပြုပါ။
• မတ်လနှင့် ဇူလိုင်လအထိ ဖျော်ရည်ကို နှစ်ပတ်ခြားတစ်ခါ လဲလှယ်ပေးပါ။

#၃။ မွဲပြာရောင်ကျိုင်း (Myllocerus spp)
‪#‎ဖျက်ဆီးပုံလက္ခဏာ‬
• ကျိုင်းသားလောင်းများသည် အမြစ်များကိုစားသောက်သည်။
• ပင်ပျိုများ ညှိုးနွမ်းသွားကြသည်။
• အကောင်ကြီးများကြောင့် အရွက်အနားတစ်လျှောက် အထစ်များဖြစ်ပေါ်သည်။
#ဖျက်ပိုး၏၀ိသေသလက္ခဏာ
• သားလောင်း – သေးငယ်ပြီး ခြေထောက်မပါရှိပေ။
• အကောင်ကြီး – ပိုးတောင်မာပေါ်တွင် အနက်ရောင်မျဉ်းကြောင်းများနှင့်အတူ အစိမ်းရောင်သန်းသော အဖြူရောင်ရှိ ကျိုင်းကောင်ဖြစ်သည်။
#ကာကွယ်နှိမ်နင်းခြင်း
• အကောင်ကြီးများကို ကောက်ယူဖျက်ဆီးပါ။
• ရေတစ်လီတာလျှင် ကာဘာရိုင်း ၅၀ ဒဗလျူပီ (၂) ဂရမ်နှုန်း ရောစပ်ပက်ဖျန်းပါ။

#၄။ မက်မွန်စိမ်းပြပိုး (Myzus persicae)
#ဖျက်ဆီးပုံလက္ခဏာများ
• အကောင်ငယ်များနှင့် အကောင်ကြီးများသည် အရွက်များ၊ ရွက်ရိုးများနှင့် အသီးများမှ သစ်ရည်ကို စုတ်ယူကြသည်။
• အရွက်များကောက်ကွေးသွားကြကာ ကြွေကျသွားကြသည်။
• အချိန်မတိုင်မီ အသီးများကြွေကျသွားကြသည်။
#ဖျက်ပိုး၏၀ိသေသလက္ခဏာ
• အကောင်ကြီး: ညိုရင့်ရောင်မှ ချောကလက်ညိုရောင်ရှိသည်။
#ကာကွယ်နှိမ်နင်းခြင်း
• ဖျက်ဆီးခံထားရသော အပင်အစိတ်အပိုင်းများကို ဖယ်ရှားဖျက်ဆီးပစ်ပါ။
• ဒိုင်မိသိုအိတ် ၀.၀၃% ကိုလည်းကောင်း မီသိုင်းလ်ဒမ်မီတွန် ၀.၀၂၅% ကိုလည်းကောင်း ပက်ဖျန်းနိုင်သည်။





ဒေါက်တာကိုကို (စိုက်ပျိုးရေး) (၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၂၀-၂၆ နေ့ထုတ်၊ နည်းသစ်စွယ်စုံဂျာနယ်၊ အတွဲ-၅၊ အမှတ်-၃)
 
Top