နာနတ်မျိုးများ
  • (၁) Cayenne မျိုး၊ 
  • (၂)Queen မျိုး၊
  •  (၃) Spanish မျိုးဆိုပြီး သုံးမျိုး ရှိတယ်။
Cayenne မျိုးအုပ်စုမှာ kwe မျိုးပါဝင်တယ်။
          ဒီမျိုးဟာ အသီးအရွယ် အစား ၂ ဒမသ ၃ ကီလိုဂရမ်မှ ၃ ဒသမ ၆ ဂရမ်ထိရှိတယ်။ အသားအ၀ါရောင် အရည် ရွှမ်းတယ်။ အရွက်အဖျားပိုင်းမှာသာ ဆူးပါတယ်။ စည်သွပ်လို့ အကောင်းဆုံးမျိုးဖြစ် တယ်ခင်ဗျ။ Queen အုပ်စုမှာ ပါတဲ့မျိုးတွေ ကတော့ လတ်လတ်ဆတ်ဆတ် စားသုံးဖို့ သင့်တဲ့မျိုးပေါ့။ အသီးအရွယ်အစား သေး တယ်။ တစ်လုံးကို သုည ဒသမ ၄၅ ကီလို ဂရမ်မှ ၂ ဒသမ ၇ ကီလိုဂရမ်သာရှိတယ်။ အရွက် အနားတစ်လျှောက် ဆူးပါတာ တွေ့ရတယ်။ Spaninsh အုပ်စုမှာပါတဲ့ မျိုးတွေ ကတော့ အသားအဖြူရောင်ရှိတယ်။ အပင်သန်စွမ်းပြီး ရောဂါဒဏ်ခံနိုင်တယ်။ သက် တမ်းရှည်တယ်။ တစ်လုံးကို သုည ဒသမ ၉ ကီလိုဂရမ်မှ ၁ ဒဒသမ ၄ ကီလိုဂရမ် ရှိတယ်။ ဒီမျိုးကတော့ စည်သွပ်ဖို့ လုံးဝ မသင့်ဘူးဗျ။
          မြေသြဇာထက်သန်ပြီး ရေစိမ့် မှုကောင်းတဲ့ မြေကို ကြိုက်တယ်။ မြေချဉ် ငန်ဓာတ် ၅ ဒသမ ၅ အတွင်းမှ ခြောက် အတွင်း သင့်တော်ဆုံးပဲဖြစ်တယ်။ အပူ ချိန် ၁၅ ဒသမ ၅ ဒီဂရီစင်တီဂရိတ်မှ ၃၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ရှိရင် ကြိုက် တယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁,၅၀၀ မီတာထိ စိုက်ပျိုးနိုင်တယ်။ နာနတ်မျိုးပွားနည်း သုံးနည်းရှိတယ်။ အသီးအောက်မှ ထွက်သော သားတက်မှ မျိုးပွားနည်း၊ ပင်စည်မှ ထွက်သော သား ထက်မှမျိုးပွားနည်း၊ အသီးပေါ်မှထွက်သော အပင်မှ မျိုးပွားနည်းများနဲ့ ပွားနိုင်တယ်။ Slip ကို မျိုးပွား စိုက်ပျိုး ခြင်းသညှ်Sueker ကို မျိုးပွား စိုက်ပျိုးခြင်း ထက်ပို ကောင်းပါတယ်။ Slip နှဲ့Sueker စိုက်ပျိုး ခြင်းဟာ Crowm ကိုစိုက်ပျိုးခြင်းထက် ပိုကောင်းပါတယ်။
          ဒီသုံးနည်းမှာ အလေး ချိန် ၅၀၀ ဂရမ်ရှိSueker များစိုက်ပျိုးခြင်း ဟာ အကောင်းဆုံးဖြစ်ပါတယ်။ အကယ် ၍ှူSlip ဘဲရှိပါက အလေးချိန် ၃၅၀ ဂရမ်ရှိ  Slip ကို စိုက်ပျိုးခြင်းဟာ အကောင်းဆုံး ဖြစ်ပါတယ်။ Slip နဲ့ စိုက်ပျိုးခြင်းဟာ ညီညာပြီး အသီးအရွယ်အစား ကြီးပါတယ်။ Sueker နဲ့ စိုက်ရင်တော့ Slip ထက် သီး ပွင့်မှုစောပါတယ်။ Crown နဲ့ စိုက်ပျိုးရင် တော့ အသီးထွက်ဖို့ ရက် ၇၀ ခန့်ထိ ကြာပါတယ်။ Crown နဲ့ စိုက်ရင် တချိှု့Slip မထွက်ပါ။ စိုက်ပျိုးတဲ့ သားတက်ရဲ့ သက် တမ်းကွာခြားမှု အလိုက် အသီးထွက်မှု ဟာလည်း “ဆုံ၏တက်” သဘောဖြစ် နေပြီး တစ်နှစ်ပတ်လုံး အသီးရရှိဖို့အတွက် ကောင်းတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။
          နာနတ်တစ်နှစ်ပတ်လုံး သီးနေစေဖို့ အတွက် သက်တမ်းမတူတဲ့ သားတက် များ စိုက်ပျိုးခြင်း၊ သက်တမ်းတူသား တက်များကို ရက်ခြားပြီး စိုက်ပျိုးခြင်း၊Sueker နှင့် Slip များကို စိုက်ချိန်ရက်ခြား တွက်ချက်၍ ဇူလိုင်လမှ ဒီဇင်ဘာလထိ စိုက်ပျိုးခြင်း၊ ပန်းပွင့်ရန် အသုံးပြုတဲ့ ဓာတု ဗေဒဆေးများ ပက်ဖျန်းခြင်း နည်းလမ်း များကို အသုံးပြုစိုက်ပျိုးနိုင်ပါတယ်။

          နာနတ်ပင် စိုက်ပျိုးရေးဟာ မြေ မျက်နှာပြင် အနေအထား မိုးရေချိန်ပေါ် မူတည်ပြီး အမျိုးမျိုးစိုက်ပျိုးကြတာ တွေ့ရပါတယ်။စိုက်ပျိုးနည်းတွေကတော့ စိုက်ကျင်း ပြုလုပ်စိုက်ပျိုးခြင်း၊ ထယ်ရေးမြောင်းပြု လုပ်စိုက်ပျိုးခြင်း၊ တူးမြောင်းရှည်များ ပြု လုပ်စိုက်ခြင်း နည်းများဖြစ်ပါတယ်။ စိုက် ကျင်းပြုလုပ်စိုက်ပျိုးခြင်းနည်းမှာ မြေဆီ လွှာတိုက်စားမှုမရှိသော နေရာဒေသများမှ ဒီနည်းသုံးကြပါတယ်။ ကျင်းအနက် ၁၅ စင်တီမီတာမှ ၂၀ စင်တီမီတာရှိ စိုက်ကျင်း များ တူးပြီး စိုက်ပျိုးရပါတယ်။ မိုးများရင် ရေတင်သွင်းရင် ရေမ၀ပ်စေဖို့ ရေနုတ် မြောင်း တူးပေးဖို့ လိုပါတယ်။ ထယ်မြောင်း ပြုလုပ်စိုက်ပျိုးခြင်း နည်းမှာ ကမ်းရိုးတန်းဒေသ မိုးအသင့် အတင့်ရှိသော နေရာများမှာ စိုက်ပျိုးနိုင်ပါ တယ်။ ထယ်ရေးကြောင်းအနက် ၃၀ စင် တီမီတာမှ ၄၀ စင်တီမီတာရှိမြောင်းများ၊ တူးဖော်ပြီး စိုက်ပျိုးခြင်းဖြစ်ပါတယ်။

        နာနတ်ပင်ကို စိုက်ပျိုးတဲ့အခါမှာ ထယ်ရေး မြောင်းအတွင်းနှင့် ထယ်ရေးမြောင်းဘေးရှိ ၁ ဒသမ ၂ မီတာမှ ၁ ဒသမ ၅ မီတာ အကျယ်ရှိ ပေါင်ပေါ်မှာ ဖိုခနောက်ဆိုင်ပုံစံ တစ်လှည့်စီစိုက်ပျိုးကြရမှာဖြစ်ပါတယ်။ ဒီ စိုက်ပျိုးရေး စနစ်ဟာ ရေပေးသွင်းစရာ မလိုပါဘူး။တူးမြောင်းရှည်များ ပြုလုပ်စိုက်ပျိုး နည်းမှာ စိုက်တန်းနှစ်တန်းဝင် စိုက်မြောင်း နဲ့ စိုက်ပျိုးတာဖြစ်ပါတယ်။ စိုက်မြောင်း တစ်လှည့်၊ စိုက်ပေါင်တက်လှည့် စိုက်ပျိုး တဲ့နည်းစနစ်ဖြစ်ပါတယ်။ ဆင်ခြေလျှော ကုန်းစောင်းကို ကန့်လန့်ဖြတ်ပြီး ၂၂ ဒသမ ၅ စင်တီမီတာမှ ၃၀ စင်တီမီတာရှိ စိုက် မြောင်းအနက် တူးရပါမယ်။ စိုက်မြောင်းတိုင်းတွင် ၁၀ စင်တီမီတာ မှ ၁၅ စင်တီမီတာအနက်ရှိ ထယ်ရေး ကြောင်းခပ်တိမ်တိမ်နှစ်ကြောင်း ပြုလုပ်ပြီး စိုက်မြောင်းနှုတ်ခမ်းမှ ၁၅ စင်တီမီတာ ချန်ထားကာ Skeker နှင့် slipe များကို ထယ် မြောင်းအတွင်းမှာစိုက်ပျိုးရမှာ ဖြစ်ပါ တယ်။ နာနတ်ပင်များ စိုက်မြောင်းအတွင်း မှာ စိုက်ပျိုးရမှာဖြစ်ပါတယ်။ နာနတ်ပင် များ စိုက်မြောင်းအတွင်း စိုက်ပျိုးရာတွင် မျက်နှာချင်းဆိုင် မစိုက်ဘဲ၊ ဖိုခနောက်ဆိုင် (သုံးပွင့်ဆိုင်) အနေအထားနဲ့ စိုက်ပျိုးရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးနည်းစနစ်အားလုံးအတွက် ပင်ကြား ၂၅ စင်တီမီတာ၊ တန်း ကြား ၆၀ စင်တီမီတာ၊ စိုက်မြောင်းအကွာ အဝေး ၉၀ စင်တီမီတာ အကွာအဝေးနှင့် စိုက်ပျိုးပါက တစ်ဧက အပင်ရေ ၃၄,၈၅၀ အပင်ဝင်ဆံ့ပါတယ်။
           စိုက်ပျိုးပြီးပါက စိုက်ပျိုးပြီးအပင် များ စွဲစေရန် အပင်ခြေကို မြေဖို့ပေးရန် လို အပ်ပါသည်။ အသီးသီးတဲ့အခါမှာ အပင် ခြေဟာ မြင့်သွားတတ်သဖြင့် အပင်ခြေမြေ ဖို့ခြင်းဟာ အရေးကြီးပါတယ်။ အပင်သိပ် သည်းစွာ ကပ်စိုက်သော စနစ်တွင် အပင် ခြေကို မြေဖို့ပေးရန် မလိုပါ။ အပင်ခြေ ကန်မြေဖို့ ပေးပါက ပေါင်းမြက်ရှင်းခြင်းနှင့် အစိုဓာတ်ထိန်းပေးခြင်း၊ အကျိုးကျေးဇူးရပါ တယ်။ အပင်ခြေ မြေဖို့ပြီးရင်၎င်းအပေါ် မှ ကောက်ရိုး၊ မြက်ခြောက်၊ လွှစာဆွေး၊ စပါးခွံ၊ သစ်ရွက်ခြောက်များနဲ့ ဖုံးပေးပါက အပင်ဖြစ်ထွန်းမှု ကောင်းစေပါတယ်။နာနတ်ပင် စိုက်ပျိုးပြီးပါက မြေသြဇာ ကျွေးခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်း လုပ်ငန်းဟာလည်း အရေးပါပါတယ်။ သီး ထွက်တစ်ရာသီအတွက် တစ်ပင်လျှင် ယူရီးယား ၂၆ ဂရမ်၊ ပိုတက်ရှ် ၁၉ ဂရမ်၊ တီစူ ပါ ရှစ်ဂရမ်ထည့်ပေးပါ။ ယူရီးယားကို နှစ်လ ခြားတစ်ကြိမ်၊တစ်နှစ် ခြောက်ကြိမ်၊ ပို တက်ရှ်ကို နှစ်ကြိမ်ခွဲကျွေးပေးပါ။
         ထည့်ရမည့် တီစူပါအားလုံးနှင့် ထည့်ရမည့် ပိုတက်ရှ်အားလုံး၏ တစ်ဝက်ကို အပင်စိုက်ချိန်မှာ ထည့်ပေးပြီး ကျန်တစ် ၀က်ကို အပင်စိုက်ပျိုးပြီး ခြောက်လကြာ တွင် ထပ်ထည့် ပေးပါ။ မြေသြဇာ ကျွေးသည် အချိန်တွင် မြေဆွေးနှင့် ရောကျွေးပြီး အစို ဓာတ်ရှိစေရန်သတိပြု ရပါမည်။ နာနတ်သည့် ပန်းခိုင်ထွက်လာချိန် တွင် သားတက်များလည်း စထွက်ပါသည်။ အသီးကြီးထွားမှုနှင့်အတူ slipe များပေါက်လာ ပါသည်။ slipe  စိုက်ပျိုးရန် အရွယ်ရောက် လျှင် ဖြတ်တောက် ဖယ်ရှားပေးပါ။ Sucker အရေးအတွက် များရင် အသီးအလေးချိန် တိုးလာဖြင့ှ်ကခုနမ ဖယ်ရှားခြင်းကို နောက် ကျဖယ်ရှားခြင်း ပြုလုပ်နိုင်ပါတယ်။ Slip တွေဟာ အသီးရင့်မှည့်မှုကို နောက်ကျစေပါသည်။ အသီးဆွတ်ခူးပြီး ချိန်တွင် မိခင်အပင်တွင် သားတက်တစ်ခု သာချန်၍ ကျန်သားတက်အားလုံး ဖယ်ရှား ပစ်ပါ။
           သားစပ်များ ဖယ်ရှားပြီး မြေသြဇာ ကျွေးခြင်း၊ မြေဖို့ခြင်းကို ဆက်တိုက် ဆောင်ရွက်ပါ။ နာနတ်ပင်သည် အပင်စိုက်ပျိုးပြီး ၁၁ လမှ ၁၂ လကြာလျှင် အရွက် ၄၀  ထွက်ပြီး ပန်းစပွင့်ပါတယ်။ အပင်သက် ၁၆ လခန့်ရှိပြီး ပန်းပွင့်စောရန်နှင့် အပွင့် ညီစေရန်အတွက် NaCO3 သုည ဒသမ ၀၄ ရာခိုင်နှုန်းကို Elhrel 25 ppm  နှင့် ရောစပ်ပြီး ဆေးဖျော်ရည် ၅၀ စီစီကို အပင်၏ ထိပ် အလယ် တည့်တည့်ကိုလောင်းချ ပေးရ ပါ့မယ် ပန်းပွင့်စောစေရန် အခြား ဓာတုဆေး မှာ  Neplhalene Acctie Acid (NAA) 10 ppm မှ 15 ppm, Calciu-m Carbide 20 gm ကို ရေတစ်လီတာတွင်ဖျော်၍ ဖျော်ရည် လတ်လတ်ဆတ်ဆတ်ကို ဖျန်းပေးနိုင် ပါတယ်။
           နာနတ်သည် တစ်ဧကမှ ၂၈ တန်မှ တန် ၄၀ ထိ ထွက်နိုင်ပါတယ်။ အပင်စိုက် ပြီး ၁၆ လမှ ၁၈ လကြာမှာ အသီးစခူးနိုင် ပါတယ်။ စည်သွပ်ရန်ဖြစ်ပါက အသီး၏အခြေတွင် အရောင်ပြောင်းလာလျှင် ခူးနိုင် ပါတယ်။ တစ်ပြိုင်တည်းမှည့် လိုပါက အသီးရင့်မှည့်ချိန်တွင် Elhrel ပြင်းအား 125 ppm မှ 250 ppm ရှိဖျော် ရည်ကို အသီးတစ်ခုလုံးဖျန်းပေးပါ။ လတ်လတ် ဆတ်ဆတ် စားသုံးရန် အသီးဖြစ်ပါက Elhrel မဖျန်းဘဲ အသီးအ၀ါရောင်ပြောင်း သည် ထိထားပြီးမှ ခူးရန်ဖြစ်ပါတယ်။ Crowm ပါသော အသီးကိုခူးပါကနှစ်ပတ် ခန့်ထိ အပျက်အစီးမရှိထားနိုင်ပါတယ်။

 တောင်သူလယ်သမား ဦးကြီးများ အားလုံးသီးနှံတွေ အထွက်တိုးလို့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ကြပါစေလို့ ဆုမွန် ကောင်းတောင်းလျက်။
- အောင်ဆန်း (စိုက်ပျိုးရေး) မြန်မာတောင်ကြီးများ ဂျာနယ်


ဓာတ်ပုံ- insidenonbreadshed.com
 
Top