#၁။ သီးထိုးယင် (Bactrocera cucurbitae)
‪#‎ဖျက်ဆီးပုံလက္ခဏာ‬
• လောက်ကောင်များသည် အသီးများ၏ အနှစ်အသားကို စားသောက်ကြသည်။
• အသီးများမှ သစ်စေးရည်များထွက်လာသည်။
• တွန့်ရွံ့ပြီး ပုံသဏ္ဍာန်မမှန်သော အသီးများဖြစ်ပေါ်လာသည်။
• အသီးများမရင့်မှည့်မှီကြွေကျပြီး စားသုံးရန်အတွက်လည်း ကျန်းမာရေးနှင့်ညီညွန်မှုမရှိပါ။

‪#‎ဖျက်ပိုး‬၏ ၀ိသေသလက္ခဏာ
ဥ - အသီးမြုံများပေါ်တွင် တစ်လုံးချင်းအုသည်။
လောက်ကောင် - ခြေထောက်မပါသော ဖြူညစ်ညစ်အရောင်ရှိသောလောက်ကောင်ဖြစ်သည်။
ရုပ်ဖုံး - မြေကြီးတွင် ရုပ်ဖုံးပြုလုပ်သည်။
အရွယ်ရောက်ကောင်
Bactrocera cucurbitae: ထိပ်တွင် အညိုနှင့်မီးခိုးရောင်အစက်များပါရှိခြင်းနှင့်အတူ မှန်ရောင်ထကာ အလင်းဖောက်နိုင်သော တောင်ပံများပါရှိသည်။
Bactrocera ciliates: ကြေးညိုရောင်ခန္ဓာကိုယ်ရှိသည်။ Bactrocera cucurbitae ထက် အရွယ်အစား ငယ်သည်။
B. zonata: တတိယမြောက်ကြောရိုးဆစ်ပေါ်တွင် ၀ါနုရောင် အစင်းပါရှိကာ ခန္ဓာကိုယ် အ၀ါရောင်သန်းသည်။
‪#‎ကာကွယ်နှိမ်နင်းခြင်း‬
• ဖျက်ဆီးခံထားရပြီးကြွေကျနေသော အသီးများကိုကောက်ယူပြီး ကျင်းနက်နက်တူးကာ မြှုတ်ပစ်ပါ။
• ကျရောက်တတ်သောဧရိယာများတွင် ပူပြင်းခြောက်သွေ့သောအခြေအနေများတွင် ဤဖျက်ပိုးအရေအတွက် နည်းပါးပြီး မိုးရာသီအတောအတွင်း အထွတ်အထိပ်သို့ ရောက်တတ် သဖြင့် စိုက်ချိန်ပြောင်းပါ။
• ခူးဆွတ်ပြီးပါက မြေကြီးကိုထယ်ထိုးခြင်းဖြင့် ရုပ်ဖုံးများကို နေပြပါ။
• ထောင်ချောက်သီးနှံအဖြစ် ခ၀ဲပင်ကိုအသုံးပြုပြီး အရွက်၏ အောက်မျက်နှာပြင်တွင် စုစည်းနေ သော အရွယ်ရောက်ကောင်များကို ကာဘာရိုင် ၀.၁၅% သို့မဟုတ် မာလာသီယွန် ၀.၁% ကို ပက်ဖျန်းပါ။
• ယင်ကောင်များကိုဆွဲဆောင်နိုင်ရန် စပါးလင်ဆီမွှေး၊ ယူကလစ်ဆီ၊ ရှာလကာရည်နှင့် လက်တစ်အက်ဆစ်ကဲ့သို့သော ဆွဲဆောင်ပစ္စည်းများကို အသုံးပြုပါ။
• ဆိုးဝါးစွာကျရောက်ပါက အဆိပ်ခဲကိုအသုံးပြုပါ။
• အိတ်ထဲတွင် မီသိုင်းယူဂီနောနှင့် မာလာသီယွန် ၅၀ အီးစီကို ဆတူရောကာ ပိုလီအီသိုင်လင်းတစ်အိတ်ထဲသို့ (၁၀) မီလီလီတာနှုန်းထည့်ကာ တစ်ဧကလျှင် ၁၀ အိတ်အသုံးပြုပါ။
ယင်ဖမ်းထောင်ချောက်များကို အသုံးပြုပါ။
• အလျား (၂၀) စင်တီမီတာ၊ အနံ (၁၅) စင်တီမီတာရှိသော ပိုလီသင်းအိတ်များကို (၃) မီလီမီတာ အပေါက်ခြောက်ပေါက်ဖောက်ကာ စိုစွတ်သော ငါးခြောက်မှုန့် (၅) ဂရမ်ထည့်ပါ။
• ဒိုင်ကလိုဗော့စ် ၀.၁ မီလီလီတာ ပေါင်းထည့်ပါ။
• အပတ်တိုင်း ဒိုင်ကလိုဗော့စ်ကိုထပ်ထည့်ရမည်ဖြစ်ပြီး ရက် (၂၀) ပြည့်တိုင်း တစ်ဧကလျှင် ထောင်ချောက် (၂) ခုကို အသစ်တပ်ဆင်ပါ။

#၃။ ရွှေဖရုံကျိုင်းများ (ကျိုင်းနီ - (Aulacophora foveicollis)၊ ခရမ်းရောင်ကျိုင်း - (A. cincta)၊ မွဲပြာရောင်ကျိုင်း (A. Intermedia)
#ဖျက်ဆီးပုံလက္ခဏာ
- လောက်ကောင်များသည် အမြစ်များ၊ ပင်စည်များနှင့် မြေကြီးကိုထိနေသော အသီးများကို စားသောက်သည်။
- အရွယ်ရောက်ကောင်များသည် အရွက်နှင့် ပန်းပွင့်များကိုစားသောက်သည်။
#ဖျက်ပိုး၏ ၀ိသေသလက္ခဏာ
လောက်ကောင် - လတ်လတ်ဆတ်ဆတ်ပေါက်လာသောလောက်ကောင်သည် ညိုညစ်ရောင်ရှိပြီး အပြည့်အ၀ကြီးထွားလာသောလောက်ကောင်သည် အ၀ါရောင်ရှိသည်။
အရွယ်ရောက်ကောင်
Aulacophora foveicollis - အနီရောင်ရှိသည်။
A. cincta - မီးခိုးရောင်ရှိပြီး တောက်ပသောဝါနီရောင်အနားသတ်မျဉ်းပါသည်။
A. intermedia - အပြာရောင်ရှိသည်။
#ကာကွယ်နှိမ်နင်းခြင်း
- ဆောင်းခိုနေသောအရွယ်ရောက်ကောင်များကို ဖျက်ဆီးပစ်ရန် အသီးခူးဆွတ်ပြီးသည်နှင့် စိုက်ခင်းကိုထယ်ထိုးပါ။
- အရွယ်ရောက်ကျိုင်းကောင်များကို ကောက်ယူဖျက်ဆီးပစ်ပါ။
- တစ်ဧကလျှင် မာလာသီယွန် ၅၀ အီးစီ သို့မဟုတ် ဒိုင်မီသိုအိတ် ၃၀ အီးစီ သို့မဟုတ် မီသိုင်းလ် ဒမ်မီတွန် ၂၅ အီးစီ ၂၀၀ မီလီလီတာနှုန်းဖြင့်ပက်ဖျန်းပါ။

#၄။ သီးလုံးဖောက်ပိုး (သို့မဟုတ်) တောင်ပံပါးဖလံ (Melittia eurytion)
#ဖျက်ဆီးပုံလက္ခဏာ
- လောက်ကောင်များသည် ပဲလင်းမြွေ၏ ပင်စည်ထဲဝင်ရောက်ပြီး အဖုများကိုဖြစ်စေသည်။
- Apanteles spp. ကို ပွားများအောင်အားပေးပါ။ - အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကိုပက်ဖျန်းပါ။တစ်ဧကလျှင် မာလာသီယွန် ၅၀ အီးစီကို ၂၀၀ မီလီလီတာနှုန်း
တစ်ဧကလျှင် ဒိုင်မီသိုအိတ် ၃၀ အီးစီကို ၂၀၀ မီလီလီတာနှုန်း
တစ်ဧကလျှင် မီသိုင်းဒမ်မီတွန် ၂၅ အီးစီကို ၂၀၀ မီလီလီတာနှုန်း

#၅။ ပင်စည်ဖုယင် (Neolasioptera falcate)
#ဖျက်ဆီးပုံလက္ခဏာ
- လောက်ကောင်များသည် ပင်စည်အဝေးရှိအညွန့်များထဲသို့ထိုးဖောက်ဝင်ရောက်ပြီး အဖူများကို ဖြစ်စေသည်။
‪#‎ဖျက်ဆီး‬၏၀ိသေသလက္ခဏာ
အရွယ်ရောက်ကောင် - ယင်ကောင်နှင့်တူသော ဖလင်ဒါပုံညိုရင့်ရောင်ရှိသော ခြင်ဖြစ်သည်။
#ကာကွယ်နှိမ်နင်းခြင်း
တစ်ဧကလျှင် မာလာသီယွန် ၅၀ အီးစီကို ၂၀၀ မီလီလီတာနှုန်း
တစ်ဧကလျှင် ဒိုင်မီသိုအိတ် ၃၀ အီးစီကို ၂၀၀ မီလီလီတာနှုန်း
တစ်ဧကလျှင် မီသိုင်းဒမ်မီတွန် ၂၅ အီးစီကို ၂၀၀ မီလီလီတာနှုန်း

#၆။ ပဲလင်းမြွေထွာကောင်စိမ်း (Plusia peponis)
#ဖျက်ဆီးပုံလက္ခဏာ
- လောက်ကောင်သည် ရွက်ပြားအစွန်းများကို ဖြတ်ပြီး အရွက်ကိုခေါက်ကာ အတွင်းပိုင်းကို စားသောက် သည်။
#ဖျက်ဆီး၏၀ိသေသလက္ခဏာ
ဥ - နူးညံ့သောအရွက်များပေါ်တွင် အဖြူရောင်စက်လုံးပုံဥများကို တစ်လုံးချင်းအုသည်။
လောက်ကောင် - အလျားလိုက် အစင်းကြောင်းများနှင့်အတူ အစိမ်းရောင်ရှိပြီး နောက်ဆုံးအဆစ်များသည် အဖုပါသည်။
ရုပ်ဖုံး - ခေါက်ထားသောအရွက်အတွင်း ရုပ်ဖုံးပြုလုပ်သည်။
အရွယ်ရောက်ကောင် - တောက်ပသော အညိုရောင်ရှေ့တောင်ပံများရှိသော အညိုရောင်ဖလံဖြစ်သည်။
#ကာကွယ်နှိမ်နင်းခြင်း
• လောက်ကောင်များကိုကောက်ယူဖျက်ဆီးပစ်ပါ။
• Apanteles taragamae, A. plusiae ကပ်ပါးပိုးများကို ပွားများအောင်အားပေးပါ။
• အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကိုပက်ဖျန်းပါ။
တစ်ဧကလျှင် မာလာသီယွန် ၅၀ အီးစီကို ၂၀၀ မီလီလီတာနှုန်း
တစ်ဧကလျှင် ဒိုင်မီသိုအိတ် ၃၀ အီးစီကို ၂၀၀ မီလီလီတာနှုန်း
တစ်ဧကလျှင် မီသိုင်းဒမ်မီတွန် ၂၅ အီးစီကို ၂၀၀ မီလီလီတာနှုန်း

#၇။ ရွှေဖရုံခူကောင် (Diaphania indica)
#ဖျက်ဆီးပုံလက္ခဏာ
• ကလိုရိုဖီးလ်များကို လောက်ကောင်ငယ်များက ခြစ်ယူစားသောက်သည်။
• နောင်တွင် အရွက်များကိုခေါက်ပြီးပိုးအိမ်ပြုလုပ်ကာ အတွင်းပိုင်းက စားသောက်သည်။
• ၄င်းတို့သည် ပန်းပွင့်များကိုစားသောက်ကြပြီး ကြီးထွားနေသော အသီးများအတွင်းသို့လည်း ထိုးဖောက်သည်။
#ဖျက်ဆီး၏၀ိသေသလက္ခဏာ
ဥ - အရွက်၏အောက်ဖက်မျက်နှာပြင်တွင် အုပ်စုလိုက် တစ်လုံးချင်းအုသည်။
လောက်ကောင် - အဖြူရောင်အလယ်ကျောရိုးမျဉ်းတစ်စုံနှင့်အတူ အစိမ်းရောင်တောက်တောက်ရှိသည်။
ရုပ်ဖုံး - အရွက်များကြားမှ ပိုးအိမ်အတွင်း ရုပ်ဖုံးပြုလုပ်ကြသည်။
အရွယ်ရောက်ကောင် - ကျယ်ပြန့်ပြီး အနက်ရောင်ရှိသော အနားသတ်အကွက်များနှင့်အတူ အဖြူရောင်သန်းသော တောင်ပံများရှိသည်။ အမများတွင် အစိုထိပ်၌ လိမ္မော်ရောင် အမွှေးများနှင့်အတူ မွှေးစုတ်ရှိသည်။
#ကာကွယ်နှိမ်နင်းခြင်း
• လောက်ကောင်အစောပိုင်းအဆင့်တွင် ကောက်ယူဖျက်ဆီးပါ။
• Apanteles spp. ကပ်ပါးပိုးကို ပွားများအောင်အားပေးပါ။
• အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကိုပက်ဖျန်းပါ။
တစ်ဧကလျှင် မာလာသီယွန် ၅၀ အီးစီကို ၂၀၀ မီလီလီတာနှုန်း
တစ်ဧကလျှင် ဒိုင်မီသိုအိတ် ၃၀ အီးစီကို ၂၀၀ မီလီလီတာနှုန်း
တစ်ဧကလျှင် မီသိုင်းဒမ်မီတွန် ၂၅ အီးစီကို ၂၀၀ မီလီလီတာနှုန်း

#၈။ ပန်းဖွားပါ ဗူးဖလံ (Sphenarches caffer)
#ဖျက်ဆီးပုံလက္ခဏာ
- လောက်ကောင်သည် အရွက်များကိုအပေါက်ငယ်များပြုလုပ်ပြီး စားသောက်သည်။
#ဖျက်ဆီး၏၀ိသေသလက္ခဏာ
ဥ - ဥများကို ရွက်ဖူးများနှင့်အရွက်များပေါ်တွင် တစ်လုံးချင်းအုသည်။
လောက်ကောင် - ခန္ဓာကိုယ်တစ်ခုလုံးတွင် ဆူးချွန်တိုများပါရှိပြီး သေးငယ်ပြီး ဆလင်ဒါပုံရှိကာ ၀ါစိမ်းရောင်ရှိသည်။
ရုပ်ဖုံး - စိမ်းညိုရောင်ရုပ်ဖုံးဖြစ်သည်။
အရွယ်ရောက်ကောင် - ဆလင်ဒါပုံတောင်ပံများရှိကာ အစွန်တွင် အကြေးခွံများပါသည်။
#ကာကွယ်နှိမ်နင်းခြင်း
• လောက်ကောင်များနှင့်ရုပ်ဖုံးများကို ကောက်ယူဖျက်ဆီးပါ။
• အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကိုပက်ဖျန်းပါ။
တစ်ဧကလျှင် မာလာသီယွန် ၅၀ အီးစီကို ၂၀၀ မီလီလီတာနှုန်း
တစ်ဧကလျှင် ဒိုင်မီသိုအိတ် ၃၀ အီးစီကို ၂၀၀ မီလီလီတာနှုန်း
တစ်ဧကလျှင် မီသိုင်းဒမ်မီတွန် ၂၅ အီးစီကို ၂၀၀ မီလီလီတာနှုန်း

#၉။ ရွက်ထွင်းပိုး (Liriomyza trifolii)
#ဖျက်ဆီးပုံလက္ခဏာ
• အရွက်များတွင် မြွေလိမ်မြွေကောက်ထွင်းထားခြင်း
• ဆိုးဝါးစွာကျရောက်ပါက အရွက်များခြောက်သွေ့ပြီ ကြွေကျသွားခြင်း
#ဖျက်ဆီး၏၀ိသေသလက္ခဏာ
လောက်ကောင် - ခြေထောက်မပါဘဲ သေးငယ်ကာ လိမ္မော်ဝါနုရောင်ရှိသည်။
ရုပ်ဖုံး - ထွင်းထားသောအရွက်များအတွင်း ရုပ်ဖုံးပြုလုပ်သည်။
အရွယ်ရောက်ကောင် - ၀ါဖျော့ရောင်ရှိသည်။
#ကာကွယ်နှိမ်နင်းခြင်း
• ထွင်းဖောက်ခံထားရသော အရွက်များကိုကောက်ယူဖျက်ဆီးပါ။
• တမာစေ့ခွံစစ်ရေ ၃% ဖြင့်ပက်ဖျန်းပါ။

ဒေါက်တာကိုကို (စိုက်ပျိုးရေး)
(၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇-၂၃ နေ့ထုတ်၊ နည်းသစ်စွယ်စုံဂျာနယ်၊ အတွဲ-၅၊ အမှတ်-၇)
 
Top