သီးနှံ - ပန်းသီး
သိပ္ပံနံမည် - Malus sylvestris
မျိုးရင်း - Rosaceae
#၁။ အမွှေးထူပြပိုး - (Eriosoma lanigerum)
‪#‎ဖျက်ဆီးပုံလက္ခဏာများ‬
• အကောင်ငယ်များနှင့်အကောင်ကြီးများသည် ပင်စည်၏ အခေါက် (သို့မဟုတ်) အသီးများမှ သစ်ရည်ကို စုတ်ယူကြသည်။
• ပိုမိုငယ်သောအပင်များကို အားနည်းစေပြီး သေစေသည်။
• ဖျက်ဆီးခံရသော ကိုင်းများ တွန့်ရှုံ့သွားကြပြီး သေသွားကြသည်။
• အမြစ်များတွင် ဖုလုံးများဖြစ်လာကြသည်။
• ပင်စည်ပေါ်တွင် အဖြူရောင်မွှေးထူအကွက်များကို ဖြစ်စေသည်။

‪#‎ဖျက်ပိုး‬၏၀ိသေသလက္ခဏာ
• ခရမ်းရောင်သန်းသော အရောင်ရှိကာ အဖြူရောင်ဝါဂွမ်းစကျပ်ခဲဖြင့်ဖုံးထားသည်။
‪#‎ကာကွယ်နှိမ်နင်းခြင်း‬
• ခံနိုင်ရည်ရှိသော မျိုးများကို အသုံးပြုပါ။
ဒိုင်မီသိုအိတ် ၃၀ အီးစီ ၀.၀၆% (သို့မဟုတ်) မီသိုင်းဒမ်မီတွန် ၂၅ အီးစီ ၀.၀၂၅% ကို ပက်ဖျန်းပါ။

#၂။ ဆန်းရို့စ်အကြေးပိုး (Quadraspidiotus perniciosus)
‪#‎ဖျက်ဆီးပုံလက္ခဏာ‬
• သစ်ခေါက်မှ ဖျက်ဆီးခံထားရသော အပိုင်း ပန်းနီရောင်ပြောင်းသွားသည်။
• အသီးများတွင် ခရမ်းရောင်စွန်းထင်းသွားသည်။
• ဖျက်ဆီးခံရသော အညွန့်များ သန်စွမ်းမှု ဆုံးရှုံးသွားကြကာ အပင်ငယ်များ (သို့မဟုတ်) အကိုင်းများ သေသွားကြသည်။
#ဖျက်ပိုး၏၀ိသေသလက္ခဏာ
• အမ - လုံးဝန်းပြီး အနည်းငယ်ခုံးကာ အနက်ရောင် အဖုပါသည်။
• အထီး - ခန္ဓာကိုယ်ဖြောင့်သည်။
#ကာကွယ်နှိမ်နင်းခြင်း
• အကြေးပိုးကျရောက်မှုကင်းသော စိုက်ခင်းမှ ပျိုးပင်များကို ရွေးချယ်စိုက်ပျိုးပါ။
• ပျိုးပင်များကို မီသိုင်းဘရိုမိုဒ်ဖြင့် အဆိပ်ငွေ့မှိုင်းတိုက်ပါ။
• ဖီနိုက်ထရိုသီယွန် ၅၀ အီးစီ ၀.၀၅% ကို နွေရာသီတွင် ပက်ဖျန်းပါ။
• ဆောင်းရာသီတွင် ဒီဇယ်ဆီကို အပင်တစ်ပင်လျှင် ၈-၁၂ လီတာ (ဒီဇယ်ဆီ ၄.၅ လီတာ၊ ဆပ်ပြာ ၁ ကီလိုဂရမ်၊ ရေ ၅၄-၇၂ လီတာ) ပက်ဖျန်းပါ။

#၃။ Codling ဖလံ (Cydia (=Carpocapsa) pomonella)
‪#‎ဖျက်ဆီးပုံလက္ခဏာများ‬
• လောက်ကောင်များသည် အသီးများအတွင်း ထိုးဖောက်ဝင်ရောက်ကာ အသီးသားများကို စားသည်။
• ဖျက်ဆီးခံရသော အရွက်များနှင့်အသီးများတွင် မစင်များနှင့်အတူ လှိုဏ်ခေါင်းများကို တွေ့ရသည်။
#ဖျက်ပိုး၏၀ိသေသလက္ခဏာ
• လောက်ကောင် - အနက်ရောင် (သို့မဟုတ်) ပြောက်ကျားအနက်ရောင် ဦးခေါင်းနှင့်အတူ ပန်းရောင်သန်းသော အဖြူရောင်လောက်ကောင်ဖြစ်သည်။
• အရွယ်ရောက်ကောင် - မီးခိုးရောင်သန်းသော အရွယ်အစားသေးငယ်သည့် ဖလံဖြစ်ကာ ရှေ့တောင်ပံထိပ်နားတွင် ချောကလက်ညိုရောင် အကွက်များပါရှိသည်။
#ကာကွယ်နှိမ်နင်းခြင်း
• စိုက်ခင်းကို သန့်ရှင်းရေးလုပ်ပါ။
• ဖျက်ဆီးခံရသော အသီးများနှင့် ရုပ်ဖုံးများကို ကောက်ယူဖျက်ဆီးပါ။
• ပင်စည်များတွင် လှိုင်းတွန့်ပုံပါ ကတ်ပြားများထားသင့်သည်။
• ဖီရိုမုန်းထောင်ချောက်ကို အသုံးပြုပါ။
• ဥအုသည့်အဆင့်အတွင်း ဒိုင်ယာဇီနွန်၊ အစီတာမီပရစ်ဒ်ကို တစ်ရာသီလဆင် (၄) ကြိမ်ပက်ဖျန်းပါ။

#၄။ ၀ါဂွမ်းမွှေးကူရှင်ခံ အကြေးပိုး (Icerya purchasi )
#ဖျက်ဆီးပုံလက္ခဏာများ
• အကောင်ငယ်များနှင့်အကောင်ကြီးများသည် အရွက်များနှင့်အကိုင်းများမှ သစ်ရည်ကို စုတ်ယူသည်။
• အရွက်များကို ၀ါစေသည်။
#ဖျက်ပိုး၏၀ိသေသလက္ခဏာ
• အမသည် ၀ါဂွမ်းမွှေးပါ ဥအိတ်ပါရှိသည်။
• အကောင်ငယ် - ပန်းရောင်သန်းသောအကောင်ဖြစ်ကာ ဦးမှင်တန်ရှည်ရှိပြီး အမွှေးများ အစုလိုက်ရှိသည်။
#ကာကွယ်နှိမ်နင်းခြင်း
• ကျန်းမားသန်စွမ်းပြီး ဖျက်ပိုးကင်းသောအောက်ခံမျိုးကို ရွေးချယ်ပါ။
• ဖျက်ဆီးခံရသော အပင်အစိတ်အပိုင်းများကို ကောက်ယူဖျက်ဆီးပါ။
• တမာဆီ ၂% (သို့မဟုတ်) တမာစေ့ခွံစစ်ကျရည် ၅% ကို ပက်ဖျန်းပါ။
• တွယ်ကပ်နိုင်သည့်ပစ္စည်းနှင့်အတူ ကလိုပိုင်ရီဖော့စ် ၂၀ အီးစီ ၀.၀၄% ကို ပက်ဖျန်းပါ။

#၅။ ပင်စည်ထိုးပိုး (Apriona cinera )
#ဖျက်ဆီးပုံလက္ခဏာများ
• လောက်ကောင်များသည် စက်ဝိုင်းပုံအပေါက်များကို ဖြစ်စေပြီး မစင်များကို ဖြစ်စေသည်။
• သစ်သားပစ္စည်းများကို ၀ါးစားသည်။
• အခေါက်များကို ကိုက်ဝါးပြီး အရွက်များကို ကြွေကျစေသည်။
• အညွန်းဖူးများ လှိုင်းတွန့်ရာများဖြစ်စေပြီး ဖျက်ဆီးခံရသော အပင်များပုသွားသည်။

#ဖျက်ပိုး၏၀်သေသလက္ခဏာ
• လောက်ကောင် - ညိုနက်ရောင်ရှိပြီး ခေါင်းပြားကာ နို့နှစ်ဝါရောင်ရှိသည်။
• အရွယ်ရောက်ကောင် - ပိုးတောင်မာ၏အခြေတွင် မြောက်မြားစွာသော အနက်ရောင် tubercles နှင့်အတူ မီးခိုးပြာရောင်ရှိသောကျိုင်းကောင်ဖြစ်သည်။
ကာကွယ်နှိမ်နင်းခြင်း
လောက်ကောင်များအပင်အတွင်းမ၀င်မီ အကိုင်းများကို ချိုင်ပါ။












ဒေါက်တာကိုကို (စိုက်ပျိုးရေး) (၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၁၃-၁၉ နေ့ထုတ်၊ နည်းသစ်စွယ်စုံဂျာနယ်၊ အတွဲ-၅၊ အမှတ် -၂)
 
Top