Crop: Brinjal,
Scientific name: Solanum melongena,
Family: Solanaceae

#၁။ ဘက်တီးရီးယားပင်ညှိုးရောဂါ (Bacterial Wilt: Pseudomonas solanacearum)
‪#‎ရောဂါလက္ခဏာများ‬
• အရွက်မျက်နှာပြင်တွင် ဘက်တီးရီးယားပင်ညှိုးလက္ခဏာများမှာ အရွက်ပိုင်းဆိုင်ရာနေရာများတွင် ညှိုးနွမ်းခြင်း၊ ပုသွားခြင်းနှင့် ၀ါသွားခြင်းတို့ဖြစ်ကြကာ နောက်ဆုံးတွင် အပင်တစ်ပင်လုံးပြိုကျသွားသည်။
• ညှိုးနွမ်းမှုကိုမတွေ့ရမီ အောက်ပိုင်းအရွက်များသည် ပထမဦးစွာ ငိုက်စိုက်ကျနိုင်သည်။
• ရေကြောစနစ်အညိုရောင်ဖြစ်လာသည်။
• ရောဂါကျအစိတ်အပိုင်းများမှာ ဘက်တီးရီးယားစိမ့်ထွက်ရည်များ ထွက်လာသည်။
• ပင်ညှိုးလက္ခဏာကို နေ့လည်ပိုင်းတွင်ပြသပြီး ညဖက်တွင် ပြန်လည်နလံထူလာသော်လည်း မကြာမီ သေဆုံးသွားသည်။

‪#‎ကာကွယ်နှိမ်နင်းခြင်း‬
• ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပျိုးပါ။
• ပန်းဂေါ်ဖီကဲ့သို့သော မုန်ညင်းမုန်လာမျိုးရင်းဝင်အပင်များနှင့် သီးလှည့်စိုက်ပါ။
• စိုက်ခင်းကို သန့်ရှင်းအောင်ထားပြီး ရောဂါကျအစိတ်အပိုင်းများကို ကောက်ယူ ပြီး မီးရှို့ပါ။
• ကော့ပါးမှိုသတ်ဆေးဖြစ်သော ဘော်ဒိုအရော ၂% ကို ပက်ဖျန်းပါ။
• မြစ်ဖုနီမတုတ်ရှိပါက ဤရောဂါပေါများသဖြင့် နီမတုတ်ပြန့်နှံ့မှုကို လျော့နည်းအောင်လုပ်ပါ။

#၂။ စာကိုစပိုးရားရွက်စက်ပြောက်ရောဂါ (Cercospora Leaf Spot :Cercospora solani -melongenae, C. solani)
#ရောဂါလက္ခဏာများ 
• ပုံသဏ္ဍာန်အားဖြင့် ထောင့်ချွန်းပုံမှ ပုံသဏ္ဍာန်မမှန်သောပုံရှိသော ဒဏ်ရာရှိကာ နောင်တွင် အစက်ပြောက်၏ ဗဟိုတွင် မှိုအများကြီးနှင့်အတူ မီးခိုးညိုရောင်သို့ ပြောင်းသွားသည်။
• ဆိုးဝါးစွာရောဂါကျသောအရွက်များ အချိန်မတိုင်မီကြွေကျသွားကာ အထွက်လျော့စေသည်။
#ကာကွယ်နှိမ်နင်းခြင်း
• ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပျိုးပါ။
• ဘော်ဒိုအရော ၁% (သို့မဟုတ်) ရေတစ်လီတာလျှင် ကော့ပါးအော်ဇီကိုလိရိုဒ် (၂) ဂရမ် (သို့မဟုတ်) ဇီးနက်ဘ် (၂.၅) ဂရမ်ကို ရောစပ်ပက်ဖျန်းပါ။

#၃။ အော်တာနေးရီးယားရွက်စက်ပြောက်ရောဂါ (Alternaria leaf Spot :Alternaria melongenae, A. solani)
#ရောဂါလက္ခဏာများ
• ရွက်စက်ပြောက်တွင် အက်ကွဲရာများပေါ်လာသည်။
• ဤရောဂါသည် ဗဟိုတူကွင်းများနှင့်အတူ ရွက်စက်ပြောက်များရှိသည်။
• စက်ပြောက်များသည် အများအားဖြင့် ပုံသဏ္ဍာန်မမှန်ရှိကာ အချင်းအားဖြင့် ၄-၈ မီလီမီတာရှိပြီး ကြီးမားသောရွက်ပြားဧရိယာကို ဖုံးလွှမ်းရန် ပေါင်းစည်းသွားကြသည်။
• ဆိုးဝါးစွာရောဂါကျသော အရွက်များကြွေကျသွားကြသည်။
• A. melongenae မျိုးစိတ်သည် နက်ရှိုင်းသော အစက်များကို ဖြစ်စေလျက် အသီးများကို ထိခိုက်စေသည်။
• ရောဂါကျသော အသီးများ အ၀ါရောင်ပြောင်းကာ မချိန်မတိုင်မီကြွေကျကြသည်။

‪#‎ကာကွယ်နှိမ်နင်းခြင်း‬
• ဘော်ဒိုအရော ၁% (သို့မဟုတ်) ရေတစ်လီတာလျှင် ကော့ပါးအော်ဇီကိုလိရိုဒ် (၂) ဂရမ် (သို့မဟုတ်) ဇီးနက်ဘ် (၂.၅) ဂရမ်ကို ရောစပ်ပက်ဖျန်းပါ။

#၄။ ခါးရိရောဂါ (Damping off: Pythium aphanidermatum, Pythium indicum, , Phytophthora parasitica, Rhizoctonia solani andSclerotium rolfsii)
#ရောဂါလက္ခဏာများ
• ပျိုးဘောင်တွင် ပျိုးပင်များရုတ်တရက်ပြိုကျခြင်းကို တွေ့ရသည်။
• အမြစ်နှင့်ပင်စည်အဆက်နေရာတွင် တိုက်ခိုက်ခံရပြီး ပျိုးပင်များ ပြိုကျသွားသည်။
• မြေကြီးထဲရှိရောဂါကတစ်ဆင့် ရောဂါပျံ့နှံ့နိုင်သည်။

#ကာကွယ်နှိမ်နင်းခြင်း
• မျိုးစေ့တစ်ကီလိုဂရမ်လျှင် အဂရိုဆန် (သို့မဟုတ်) ဆီရက်စင် (၂) ဂရမ်နှုန်းဖြင့် မျိုးစေ့အား ဆေးစီရင်ပါ။

#၅။ ဆေးရွက်ကြီးမိုစိတ်ဗိုင်းရပ်စ်ရောဂါ {Tobacco mosaic virus (TMV)}
#ရောဂါလက္ခဏာများ 
• အရွက်များမိုစိတ်ပြောက်ကြားဖြစ်ကာ အပင်များပုသွားသည်။
• ရောဂါကျအရွက်များ ပုံသဏ္ဍာန်မမှန်ဖြစ်ကာ သေးငယ်ပြီး ပျော့ပြောင်းသွားကြသည်။ ရောဂါကအပင်များမှ အလွန်နည်းသော အသီးများကိုသာ ထုတ်လုပ်သည်။
• အရေးပါသော ရောဂါလက္ခဏာမှာ သိသာထင်ရှားသည့် အရွက်များ ပြောက်ကြားဖြစ်နေခြင်းဖြစ်သည်။
• ပိုမိုဖွံ့ဖြိုးသောဖြစ်ရပ်များတွင် အရွက်များတွင် မီးလောင်ဖုပုံစံများကြီးထွားလာသည်။ ဆိုးဝါးစွာကျရောက်သော အရွက်များသည် သေးငယ်ပြီးပုံသဏ္ဍာန်မမှန်ဖြစ်လာသည်။ ရောဂါကျအပင်များ ပုမြဲပုနေသည်။

#ကာကွယ်နှိမ်နင်းခြင်း
• ပေါင်းအားလုံးကို ဖျက်ဆီးပြီး သခွား၊ ပန်းငရုတ်၊ ဆေးရွက်ကြီးတို့ကို ခရမ်းပျိုးဘောင်အနီးနှင့် စိုက်ခင်းအနီး စိုက်ပျိုးခြင်းကို ရှောင်ကြဉ်ပါ။
• ပျိုးဘောင်တွင် အလုပ်မလုပ်မီ လက်များကိုဆပ်ပြာ၊ရေတို့ဖြင့် ဆေးကြောပါ။
• ပျိုးပင်များကို ကိုင်တွယ်သူများအား ဆေးလိပ်သောက်ခြင်း (သို့မဟုတ်) ဆေးရွက်ကြီးဝါးခြင်းကို တားမြစ်ပါ။
• ရေတစ်လီတာလျှင် ဒိုင်မီသိုအိတ် (၂) မီလီမီတာနှုန်းဖြင့်လည်းကောင်း မက်တာစစ်တော့ဇ် (၁) မီလီလီတာနှုန်းဖြင့်လည်းကောင်း ရောစပ်ပက်ဖျန်ပါ။

#၆။ ပင်စည်မြစ်ဆက်ပုပ်ရောဂါ (Collar rot: Sclerotium rolfsii)
#ရောဂါလက္ခဏာများ
• ရောဂါကို မကြာခဏဆိုသလို ဆိုးဝါးသည့်ပုံစံဖြင့်တွေ့ရသည်။
• ပင်စည်အောက်ပိုင်းကို မြေဆောင်မှိုမျှင်စမှ ကျရောက်တတ်သည်။
• အခေါက်ကွာကျခြင်းသည်အဓိကလက္ခဏာဖြစ်သည်။
• အောက်တွင်ရှိသောတစ်ရှုးများနေထိခြင်းနှင့် ဒဏ်ရာရခြင်းသည် အပင်ကို ပြိုလဲကျစေသည်။
• မြေမျက်နှာပြင်အနီး ပင်စည်ပေါ်တွင် မှိုမျှင်စုများကိုမြင်နိုင်သည်။
• အပင်သန်စွမ်းမှုမရှိခြင်း၊ ပင်စည်တစ်ဝိုက် ရေစုခြင်းနှင့် လက်အားဖြင့်ဒဏ်ရာရရှိခြင်းသည် ဤရောဂါကို ပိုဆိုးစေသည်။

#ကာကွယ်နှိမ်နင်းခြင်း
• မျိုးစေ့တစ်ကီလိုဂရမ်လျှင် ထရိုင်ဂိုဒါးမားဗိုင်းရိုဒ် (၄) ဂရမ်နှုန်းရောစပ်ပြီး မျိုးစေ့ဆေးစီရင်ပါ။
• ရေတစ်လီတာလျှင် မန်ကိုဇက်ဘ် (၂) ဂရမ်နှုန်းရောစပ်ပက်ဖျန်းပါ။
• ရောဂါကျအပင်အစိတ်အပိုင်းများကို ကောက်ယူဖျက်ဆီးပါ။

ဒေါက်တာကိုကို (စိုက်ပျိုးရေး)
(၂၀၁၆ ခုနှစ်၊ မတ်လ ၂-၈ ရက်နေ့ထုတ် နည်းသစ်စွယ်စုံဂျာနယ်၊ အတွဲ-၅၊ အမှတ်-၉)













 
Top