ကျေးဇူးရှင် တောင်သူ လယ်သမား မိဘကြီး များအပေါင်း ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာကြ ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း မေတ္တာ ပို့သအပ် ပါသည် ခင် ဗျား။ ဒီတစ်ပတ်တော့ “ ကွမ်းရွက်ပင်”၊ “ကွမ်းသီးပင်”ဆိုပြီး နှစ်မျိုး ရှိတဲ့အနက် “ကွမ်းရွက်ပင်”မှာ ကျရောတဲ့ ပိုးမွှား ရောဂါ ဘယ်လို ကာကွယ်နှိမ်နင်း ရမလဲ ဆိုတာ အကြုံပြု ဆွေးနွေးသွား ပါ့မယ်ဗျာ။

      စစ်ကိုင်းတိုင်း ဒေသကြီးမှာ ရေကြီး နစ်မြုပ်ပြီး ရေဘေး သင့်ခံရတဲ့ သတင်းကြား လိုက်ရတော့ ဇာတိမြေ စစ်ကိုင်းတိုင်း ဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ကျွန်းလည် ရွာကို ရေဘေးလည်း ကူရင်း မရောက်တာ ကြာတာလည်း တစ်ကြောင်းကြောင့် ရောက်သွားခဲ့ပါတယ်။ ရွာထဲကို လှည့်ပတ်ကြည့်ရင်း စာရေး သူတို့နေခဲ့တုန်းကခေတ်တဲ့ အလွန်ထူးခြား နေတဲ့ မြင်ကွင်းတွေ တွေ့လိုက်ရပါတယ်။ အဲဒါကတော့ တစ်ရွာလုံးမှာရှိတဲ့ အိမ်ကွက် တိုင်းလိုလို ကွက်လပ်ကျန်တဲ့နေရာလေး မှာ “ကွမ်းရွက်”ပင်တွေ စိုက်ထား ကြခြင်း ပါဘဲ။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကစ ပြီး  “ကွမ်းရွက်” စိုက်ပျိုးခြင်းခေတ် စားလာပြီး၊ “ကွမ်း”နဲ့ဘဲ စီးပွားတက် လာကြတယ် လို့ဆို ကြပါတယ်။ 

       ငယ် သူငယ်ချင်း တစ်ယောက်ရဲ့ အိမ် မှာ လက်ဖက်ရည် ၀ိုင်းလေး ထိုင်လိုက်တော့ ရင်းနှီးတဲ့ ရွာသားတွေ ၀ိုင်းအုံလာပြီး စကား စပြီးပြော ကြပါတယ်။ အဲဒီထဲက တစ် ယောက်က” ကွမ်းကတော့ စိုက်ကြတာ ကွ၊ တကယ်အလုပ်ဖြစ်တာ မောင်ရေ၊ စီးပွားလည်း တက်ကြတယ်။ ဒါ့ကြောင့် လူတိုင်း စိုက်ကြတာကွ။ ဒါပေမယ့် ဒီနှစ်တော့ တို့တစ်ရွာလုံး ခံလိုက်ကြရတယ်လေ။ အဲဒါ ကတော့ ကွမ်းပင်ရောဂါ ကျခံရပြီး တစ်ခြံ လုံးပြုတ်၊ တစ်ရွာလုံးငုတ်တုတ်ဖြစ်ကုန်ရ တော့တာပါဘဲ။ မကြုံဘူးကြသေးတော့ ဘာဖြစ်တာလဲ၊ ဘယ်လိုလုပ်ရမလဲလို့ တောင် မစဉ်းစားတတ်တော့ဘဲ လက်မှိုင် ချနေရသကွ။ အခု မင်းလာတာနဲ့ အတော်ဘဲ တို့ရွာကို နည်းပညာဖြန့်ဝေပေးခဲ့ပါ ဦး”လို့ ဆိုပါတယ်။

        ကဲ အဲဒီလိုဆို ကွမ်းခြံထဲလက်တွေ့ သွားကြည့်ကြရအောင်ဗျာ။ ဒါမှ ကျွန်တော် လည်း လက်တွေ့ကျကျ ပြောနိုင်မှာဆိုပြီး ကွမ်းခြံထဲရောက်သွားကြပါတယ်။ စာရေး သူက ကွမ်းပင်တစ်ပင်လုံး နုတ်ပြီး ခြေဆုံး ခေါင်းဆုံး ကြည့်ရပါတော့တယ်။ ကွမ်းပင် ကို ဖျက်ဆီးတဲ့ ပိုးမွှားများဖြစ်တဲ့ ဗျ၊ ဖြုတ်၊ ဂျိုင်ကောင်၊ မွှားပင့်ကူစတဲ့ ပိုးကောင် တွေတော့ မတွေ့ရဘူးဗျ။ ကွမ်းပင်တစ်ပင်လုံးကို နုတ်ပြီး  ကြည့်လိုက်တော့ အရိုးတွေ မဲနေတယ်။ အဆစ်ကလေးတွေ ပြုတ်ထွက်နေတယ်။ အရွက်တွေ ဆီစွန်းကွက်လိုဖြစ်နေတယ်။ တွေ့ကြလားဗျ ဟောဒီမှာလို့ ပြလိုက်ပါ တယ်။ အဲဒါ ဘတ်တီးရီးယားကြောင့် ဖြစ်တဲ့ အရွက်ဆီစွန်း ရိုးမဲဆစ်ပြုတ်ရောဂါလို့ ခေါ် တယ်ဗျ။ မိုးရာသီမှာ ပိုဖြစ်တတ်လို့  ဂရုပြု သင့်တယ်ဗျ။ ဒီရောဂါကာကွယ်မယ်ဆိုရင် နွားချေးမြေဆွေးနဲ့ ယူရီးယားလျှော့ထည့် မိုးကျခါနီးရင် ကာဆူမင်ဟင်းစား ဇွန်းတစ် ဇွန်း၊ တစ်ဇွန်းခွဲနှုန်း ရေတစ်ဂါလံနဲ့ ခုနစ် ရက်မှ ၁၀ ရက်ခြားတစ်ကြိမ် ဖျန်းပေးပါ။ ဘာကြောင့် ဖြစ်ဖြစ် ကွမ်းခြံလုံးဝ ရေမ၀ပ်စေနဲ့ဗျာ။

       နောက်တွေ့တဲ့ ရောဂါတစ်ခုကတော့ ဘတ်တီးရီးယား၊ သို့မဟုတ် မျိုးကြောင့် ဖြစ်တဲ့ “ညှိုးသေရောဂါ” ဟောဒီမှာ တွေ့ လား၊ မြေကြီးနားကပ်နေတဲ့ ပင်စည်မှာ ဒဏ်ရာဖြစ်ပြီး သေနေတယ်ဗျ။ ဘတ်တီး ရီးယားကြောင့် ဖြစ်တာဟုတ်၊ မဟုတ် သိချင်ရင်တော့ ပင်စည်ကို မြေကြီးနားက ကပ် ဖြတ်ပြီး ရေကြည်ရေသန့်ထည့်ထားတဲ့ ဖန် ခွက်ကြည်ကြည်ထဲကို နှစ်ကြည့်ရင် မီးခိုး ရောင်အတန်းများ စိမ့်ထွက်လာလိမ့်မယ် ဗျာ။ ဒါဆိုဘတ်တီးရီးယားဟုတ်ပြီလား။ မှိုကြောင့် ဖြစ်တာ ဟုတ်၊ မဟုတ် သိချင်ရင်တော့ အပင်ခြေကွမ်းပင်အခေါက်ကို မုတ်ဆိတ်ရိတ်ဓားနဲ့ လှန်ကြည့်ရင် အတွင်းမှာ အညိုရောင်မှိုတွေ့မယ်။ အဲဒါ မှိုကြောင့်ဘဲပေါ့ဗျ။ ဒီညှိုးသေရောဂါကို ကာကွယ်နှိမ်နင်းဖို့ဆိုရင် ဘက်တီးရီးယား အတွက် ကာဆူဗင် နှစ်ဇွန်းနဲ့ ရေတစ်ဂါလံ နဲ့ဖျော်ပြီး အပင်ခြေနဲ့ မြေကြီးရွှံ့ပျော်ဖျန်း ပေါ့ဗျာ။ မှိုအတွက်ဆိုရင်တော့ ဟိုမိုင်းမှို ဆေးဇွန်းတစ်ဇွန်းကို ရေတစ်ဂါလံနဲ့ ဖျော် ပြီး အပင်ခြေရွှံ့အောင် ဖျန်းပေါ့ဗျာ။

         မှိုကြောင့်ဘဲ ပင်စည်ကို အခြားဆိုး ဆိုးရွားရွားဖြစ်တတ်တဲ့ ရောဂါကတော့ ခါးရိရောဂါနဲ့ ပင်ခြေပုပ်ရောဂါဘဲဗျ။ ဒါ လည်းမှိုသတ်ဆေးတစ်မျိုးမျိုးနဲ့ ကာကွယ် နှိမ်နင်းလို့ ရနိုင်ပါတယ်ဗျာ။ အဓိကတော့ ရောဂါကျတယ်ဆိုတာ သိဖို့ပါဘဲဗျာ။ ကွမ်းပင်အရွက်ကို မှိုကျရောက်ဖျက် ဆီးတတ်တဲ့ ငှက်မျက်စိရောဂါ၊ ခေါင်းမြီး ကွက်ရောဂါတွေလဲ ရှိသေးတယ်ဗျ။ ဒီ ရောဂါတွေကိုတော့ ဘန်ကိုနေးလ် ၇၅ ဒဗလျူပီ တစ်ဇွန်း၊ ရေတစ်ဂါလံ၊ သို့မဟုတ် လာဘီလိုက် ၇၀ ဒဗလျူပီတစ်ဇွန်း ရေတစ် ဂါလံနဲ့ရောပြီး တစ်ပတ်ခြားတစ်ကြိမ် ဖျန်းပေးနိုင်တယ်ဗျ။ ကဲဒါဆိုရင် ကွမ်းပင်ခြံ လုံးပြုတ်အောင်ဖြစ်ရတဲ့ ပြဿနာအားလုံး သဘောပေါက်လောက်ပြီပေါ့ဗျာ။ နောက် ထပ်ပြန်လည်ခြံတည်ဖို့ အားမွေးလိုက်ကြ ဦးပေါ့ဗျာ။ ကျွန်တော်လည်း ပြန်လိုက်ပါ ဦးမယ်။ ဟုတ်ကဲ့၊ ဟုတ်ကဲ့ ကျေးဇူးတင်ပါ တယ် သူငယ်ချင်းရာ။

- အောင်ဆန်း (စိုက်ပျိုးရေး) မြန်မာတောင်သူကြီးများ ဂျာနယ
 
Top